ကားပေါ်လိုက်တက်ပြီး ဟိုရှုပ် ဒီရှုပ်လုပ်နေခဲ့တဲ့ ခွေးလေးရဲ့အဖြစ်

အခုတစ်ခေါက် ဖော်ပြမဲ့ ခွေးလေးကတော့ အတော်အဆော့မှတ်တယ် ပြောရမှာပါဘဲ ။ သခင်ဖြစ်သူက အပင်တွေ မြို့ပြင် သွားပစ်ဖို့ ကားပေါ်တင်နေတာကို သူက ကားပေါ်မှာ ဟိုရှုပ် ဒီရှုပ်လုပ်နေခဲ့လို့ သခင်ကလည်း အပင်တွေ ထည့်ရင်း ထည့်ရင်း နဲ့ ရှုပ်လွန်းတဲ့သူ့ကိုပါ ကြားညှပ်ထည့်လိုက်ပုံပါဘဲ ။

ကားရှေ့ခန်းမှာ ထိုင်နေတဲ့ ခွေးပေါက်လေးကတော့ တစ်ကောင်တည်းစီးရတော့မှာမို့ ပျော်ပျော်ကြီး ပြုံးပြနေသလိုပါဘဲလေ ။ သူတို့အဖြစ်အပျက်ကို တဆင့် မျှဝေခဲ့သူက “ဘယ်လို အခြေအနေမှာဘဲ ဖြစ်ဖြစ် သူ့ဘေးနားနေရရင် ကျွန်တော် ကျေနပ်ပါတယ် “ဆိုတဲ့ caption နဲ့ ခွေးလေးနှစ်ကောင်ရဲ့ ပုံရိပ်ကို ဖော်ပြပေးထားခဲ့တာပါ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*