ကားပေါ်မှာ အရုပ်ပုံတွေရေးခြစ်ခဲ့တဲ့ သမီးငယ်လေးကို မထင်ထားတဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တဲ့ ဖခင်

ကားပေါ်မှာ အရုပ်ပုံတွေရေးခြစ်ခဲ့တဲ့ သမီးငယ်လေးကို မထင်ထားတဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တဲ့ ဖခင်

လူတိုင်းမှာတော့ ကိုယ်အကြိုက်ဆုံး ၊ အနှစ်သက်ဆုံး ကားတွေရှိကြမှာပါ ။ အနှစ်သက်ဆုံးကားမဟုတ်ရင်တောင် အိမ်စီးကားတွေပေါ် ကလေးငယ်တွေက အရုပ်တွေရေးဆွဲမိခဲ့ရင်လည်း အတော်လေးစိတ်ဆိုးဒေါသထွက်မိကြမှာပါ ။ သို့ပေမဲ့လည်း ထိုင်ဝမ်မှ ဖခင်တစ်ဦးကတော့ အဆိုပါအဖြစ်အပျက်မျိုးကို မထင်ထားတဲ့နည်းလမ်းနဲ့ တုံ့ပြန်ခဲ့ပါတယ် ။

အဖြစ်ကတော့ သမီးငယ်လေးကို ကားပေါ်မှာ အရုပ်ပုံတွေရေးဆွဲဖို့ ကိုယ်တိုင်ခွင့်ပြုထားလို့ပါပဲ ။ ဒါ့အပြင် အဆိုပါအရုပ်ပုံတွေကို လုံးဝမဖျက်ပစ်ဘဲ သမီးလေးကြီးလာရင် ပြန်ပြမယ်ဆိုပြီးတော့လည်း တဖွဖွပြောဆိုနေခဲ့ပါသေးတယ် ။သမီးငယ်ရေးဆွဲထားတဲ့အရုပ်ပုံလေးဟာဆိုရင် ပုံပြင်လေးတွေပါပါရှိနေပြီး ၊ မိသားစုပုံလေးမှာဆိုရင် သေဆုံးသွားခဲ့ပြီဖြစ်တဲ့ အဘိုးဖြစ်သူရဲ့ ပုံလေးလည်း ပါရှိနေပါသေးတယ် ။ သမီးရဲ့ အရုပ်ပုံလေးတွေက အဓိပ္ပါယ်ပြည့်စုံနေလို့ လုံးဝမဖျက်ရက်နိုင်အောင်ဖြစ်နေခဲ့တာပါ ။

 

နောက်ပိုင်း သမီးငယ်လေး ထပ်မံရေးဆွဲခဲ့တဲ့ Dragon Ball မှဇာတ်ကောင်လေးရဲ့ပုံကိုကြည့်လိုက်ရင်ဖြင့် သမီးလေးရဲ့ပုံဆွဲစွမ်းရည်တိုးတက်လာကြောင်းကိုလည်း ဖခင်ဖြစ်သူက ချီးမွှမ်းဂုဏ်ယူခဲ့ပါသေးတယ် ။

Zawgyi

ကားေပၚမွာ အ႐ုပ္ပုံေတြေရးျခစ္ခဲ့တဲ့ သမီးငယ္ေလးကို မထင္ထားတဲ့လုပ္ရပ္နဲ႔ တုံ႔ျပန္ခဲ့တဲ့ ဖခင္

လူတိုင္းမွာေတာ့ ကိုယ္အႀကိဳက္ဆုံး ၊ အႏွစ္သက္ဆုံး ကားေတြရွိၾကမွာပါ ။ အႏွစ္သက္ဆုံးကားမဟုတ္ရင္ေတာင္ အိမ္စီးကားေတြေပၚ ကေလးငယ္ေတြက အ႐ုပ္ေတြေရးဆြဲမိခဲ့ရင္လည္း အေတာ္ေလးစိတ္ဆိုးေဒါသထြက္မိၾကမွာပါ ။ သို႔ေပမဲ့လည္း ထိုင္ဝမ္မွ ဖခင္တစ္ဦးကေတာ့ အဆိုပါအျဖစ္အပ်က္မ်ိဳးကို မထင္ထားတဲ့နည္းလမ္းနဲ႔ တုံ႔ျပန္ခဲ့ပါတယ္ ။

အျဖစ္ကေတာ့ သမီးငယ္ေလးကို ကားေပၚမွာ အ႐ုပ္ပုံေတြေရးဆြဲဖို႔ ကိုယ္တိုင္ခြင့္ျပဳထားလို႔ပါပဲ ။ ဒါ့အျပင္ အဆိုပါအ႐ုပ္ပုံေတြကို လုံးဝမဖ်က္ပစ္ဘဲ သမီးေလးႀကီးလာရင္ ျပန္ျပမယ္ဆိုၿပီးေတာ့လည္း တဖြဖြေျပာဆိုေနခဲ့ပါေသးတယ္ ။သမီးငယ္ေရးဆြဲထားတဲ့အ႐ုပ္ပုံေလးဟာဆိုရင္ ပုံျပင္ေလးေတြပါပါရွိေနၿပီး ၊ မိသားစုပုံေလးမွာဆိုရင္ ေသဆုံးသြားခဲ့ၿပီျဖစ္တဲ့ အဘိုးျဖစ္သူရဲ႕ ပုံေလးလည္း ပါရွိေနပါေသးတယ္ ။ သမီးရဲ႕ အ႐ုပ္ပုံေလးေတြက အဓိပၸါယ္ျပည့္စုံေနလို႔ လုံးဝမဖ်က္ရက္ႏိုင္ေအာင္ျဖစ္ေနခဲ့တာပါ ။

 

ေနာက္ပိုင္း သမီးငယ္ေလး ထပ္မံေရးဆြဲခဲ့တဲ့ Dragon Ball မွဇာတ္ေကာင္ေလးရဲ႕ပုံကိုၾကည့္လိုက္ရင္ျဖင့္ သမီးေလးရဲ႕ပုံဆြဲစြမ္းရည္တိုးတက္လာေၾကာင္းကိုလည္း ဖခင္ျဖစ္သူက ခ်ီးမႊမ္းဂုဏ္ယူခဲ့ပါေသးတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*