ကားပေါ်မှာအိပ်နေတဲ့အမျိုးသမီးရင်ဘတ်ကို ဓာတ်ပုံခိုးရိုက်သွားတဲ့ယောကျာ်းအား အင်တာနက်သုံးစွဲသူများ ဝိုင်းရှုတ်ချ

မလေးရှားက ဘတ်စ်ကားတစ်စီးပေါ်တွင် အိပ်နေတဲ့အမျိုးသမီးရဲ့ရင်ဘတ်ကိုဓာတ်ပုံခိုးရိုက်သွားတဲ့ လူအား အင်တာနက်သုံးစွဲသူတော်တော်များများက ရှုတ်ချနေကြပါတယ်။ ထိုဗီဒီယိုကို အခြားခရီးသည်တစ်ဦးမှရိုက်ယူလိုက်ကာ ပြီးခဲ့တဲ့အပတ်မှ ဖေ့စ်ဘုတ်Page Durian Kopi O မှာတင်လိုက်တာပါ။

ဒီလိုမသင့်တော်တဲ့ဓာတ်ပုံတွေလိုက်ရိုက်နေတဲ့ လူတွေကိုအပြစ်ပေးမယ့်အစား အကျီ င်္အကျပ်ဝတ်တဲ့မိန်းကလေးတွေကို ပြန်ပြီးအပြစ်ဖို့နေကြတာတွေလည်း တွေ့နေရပါတယ်။

”အဲ့မိန်းကလေးမှားတာ ဘာလို့လူကြားထဲမှာအကျီ င်္အကျပ်ဝတ်လဲ ပွပွရောင်းရောင်းအကျီ င်္မျိုးပဲ ဝတ်သင့်တာပေါ့..ဒီလိုရိုက်ခံရတာ သူသိရင်စိတ်ကဆိုးဦးမယ်”လို့ ဖေ့စ်ဘုတ်သုံးစွဲသူအမျိုးသမီးတစ်ဦးက မှတ်ချက်ပေးထားပါတယ်။ လုံလုံခြုံခြုံဝတ်လည်း နှာဘူးတွေက ဘူးတာပါပဲလို့အချို့ကလည်းပြောကြတယ်။

အမျိုးသမီးတွေကိုပဲပြောမယ့်အစား ယောကျ်ားတွေကိုရောဘာလို့ တိတိကျကျအရေးမယူတာလဲ။ ကြည့်ရသလောက်တော့ ထိုအမျိုးသမီးသတိမထားမိချိန်မှာ ထိုလူက အပြည့်အဝအခွင့်ရေးယူနေတာပါ။ကိုယ်သာဆို အဲ့ဒီနေရာမှာအော်လိုက်ပြီး ရဲခေါ်ပြီး အဲ့လူကို လက်ထိပ်ခတ်ခိုင်းလိုက်မယ်လို့ အင်တာနက်သုံးစွဲသူတစ်ယောက်က ပြောထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*