
ကားပါကင်ထိုးရင်း အရှိန်လွန်ခဲ့ပေမဲ့ အဆောင်တစ်ခုကြောင့် သေကံမရောက်ခဲ့တဲ့ မိန်းကလေး
ဒီအဖြစ်အပျက်လေးကတော့ ထိုင်းနိုင်ငံ ၊ Nonthaburi မြို့မှာရှိတဲ့ အဆောက်အအုံတစ်ခုရဲ့ 4လွှာမှာ ကားပါကင်ထိုးရင်းဖြစ်ခဲ့တာပါ ။ သူမရဲ့ကားအသစ်လေးက ကွန်ကရစ်အကာကိုတိုက်မိပြီး အောက်ကိုမပြုတ်ကျအောင် အရှိန်ထိန်းသွားနိုင်ခဲ့တာပါ ။ကားရဲ့ နောက်ဘီးတွေကတော့ လေပေါ်မှာ ပေါ်နေခဲ့ပါတော့တယ် ။
ကံကောင်းတာက ကားပိုင်ရှင်ကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိတဲ့အပြင် ၊ တိုက်မိလို့ ပြုတ်ကျသွားခဲ့တဲ့ ကွန်ကရစ်တုံးကလည်း မည်သူတစ်ဦးတစ်ယောက်အပေါ်သို့ ပြုတ်ကျသွားခဲ့ခြင်းမျိုးမရှိလို့ပါပဲ ။ ကားပိုင်ရှင်ကတော့ ကားရဲ့ဘရိတ်ကို ဂီယာနဲ့မှားနင်းမိခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။မကြာခင်မှာပဲ ရဲအရာရှိတွေရောက်ရှိလာပြီး သူမရဲ့ကားကို ဆွဲကူပေးခဲ့ကြပြီး ၊ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဆောင်ဖို့ ပြောဆိုခဲ့ပါတယ် ။
ကားပိုင်ရှင်မိန်းကလေးကတော့ ကြောက်လန့်လွန်းလို့ မည်သည့်စကားမျှ မပြောဆိုနိုင်ခဲ့ပါဘူး ။ သူမရဲ့မိခင်ကတော့ အခုလိုမိသားစုဝင်တွေ ဘေးကင်းလုံခြုံနေခဲ့ရတာက သူမရဲ့အဆောင်ကြောင့်ဖြစ်ကြောင်း အဆိုပါ အဆောင်ကိုပါ ထုတ်ပြခဲ့ပါတယ် ။ ကံကောင်းတာလား ဒါမှမဟုတ် အဆောင် ကြောင့်ပဲလားဆိုတာကတော့ ခန့်မှန်းလို့မရပါဘူး ။
Zawgyi
ကားပါကင္ထိုးရင္း အရွိန္လြန္ခဲ့ေပမဲ့ အေဆာင္တစ္ခုေၾကာင့္ ေသကံမေရာက္ခဲ့တဲ့ မိန္းကေလး
ဒီအျဖစ္အပ်က္ေလးကေတာ့ ထိုင္းႏိုင္ငံ ၊ Nonthaburi ၿမိဳ႕မွာရွိတဲ့ အေဆာက္အအုံတစ္ခုရဲ႕ 4လႊာမွာ ကားပါကင္ထိုးရင္းျဖစ္ခဲ့တာပါ ။ သူမရဲ႕ကားအသစ္ေလးက ကြန္ကရစ္အကာကိုတိုက္မိၿပီး ေအာက္ကိုမျပဳတ္က်ေအာင္ အရွိန္ထိန္းသြားႏိုင္ခဲ့တာပါ ။ကားရဲ႕ ေနာက္ဘီးေတြကေတာ့ ေလေပၚမွာ ေပၚေနခဲ့ပါေတာ့တယ္ ။
ကံေကာင္းတာက ကားပိုင္ရွင္ကလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းမ်ိဳးမရွိတဲ့အျပင္ ၊ တိုက္မိလို႔ ျပဳတ္က်သြားခဲ့တဲ့ ကြန္ကရစ္တုံးကလည္း မည္သူတစ္ဦးတစ္ေယာက္အေပၚသို႔ ျပဳတ္က်သြားခဲ့ျခင္းမ်ိဳးမရွိလို႔ပါပဲ ။ ကားပိုင္ရွင္ကေတာ့ ကားရဲ႕ဘရိတ္ကို ဂီယာနဲ႔မွားနင္းမိခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။မၾကာခင္မွာပဲ ရဲအရာရွိေတြေရာက္ရွိလာၿပီး သူမရဲ႕ကားကို ဆြဲကူေပးခဲ့ၾကၿပီး ၊ ပ်က္စီးဆုံးရႈံးမႈေတြအတြက္ ေလ်ာ္ေၾကးေပးေဆာင္ဖို႔ ေျပာဆိုခဲ့ပါတယ္ ။
ကားပိုင္ရွင္မိန္းကေလးကေတာ့ ေၾကာက္လန႔္လြန္းလို႔ မည္သည့္စကားမွ် မေျပာဆိုႏိုင္ခဲ့ပါဘူး ။ သူမရဲ႕မိခင္ကေတာ့ အခုလိုမိသားစုဝင္ေတြ ေဘးကင္းလုံၿခဳံေနခဲ့ရတာက သူမရဲ႕အေဆာင္ေၾကာင့္ျဖစ္ေၾကာင္း အဆိုပါ အေဆာင္ကိုပါ ထုတ္ျပခဲ့ပါတယ္ ။ ကံေကာင္းတာလား ဒါမွမဟုတ္ အေဆာင္ ေၾကာင့္ပဲလားဆိုတာကေတာ့ ခန႔္မွန္းလို႔မရပါဘူး ။
Leave a Reply