
တရုတ်စစ်သားတစ်ဦးဟာ ယာဉ်တိုက်မှုကြောင့် ထွက်မရဘဲကားထဲပိတ်မိနေတဲ့လူနှစ်ယောက်အားကယ်ထုတ်ဖို့ သူ့ရဲ့ဗလာလက်နှစ်ဖက်ကိုအသုံးပြုပြီး ကားရှေ့မှန်ကိုသတ္တိရှိရှိခွါထုတ်ခဲ့ပါတယ်။
အဆိုပါကားယာဉ်တိုက်မှုဟာ ပြီးခဲ့တဲ့လ တရုတ်နိုင်ငံမြောက်ပိုင်း Hebeiပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးမှာ ဖြစ်ပွါးခဲ့ကြောင်း YanZhao Evening သတင်းကဖော်ပြထားပါတယ်။အဆိုပါကားဟာ ဘေးတိုက်လဲနေပြီး ကားထဲမှာ အမျိုးသားနှစ်ဦးက ပိတ်မိနေခဲ့တာပါ။လူတွေရောက်လာတော့ အဆိုပါကားဟာ ဓာတ်ဆီတွေ ယိုစိမ့်နေပြီး ကားငွေ့တွေလည်းထွက်နေခဲ့ပါတယ်။
အဲ့ဒီလူတွေထဲကမှ အသက် ၂၆နှစ်အရွယ် Ma Jun-dongလို့အမည်ရတဲ့စစ်သားတစ်ဦးဟာ ပထမဆုံး ကျောက်တုံးနဲ့ကားရှေ့မှန်ကိုထုခဲ့ပြီး အဲဒီနောက် သူ့ရဲ့လက်ဗလာနဲ့ ကားမှန်ကို ခွါထုတ်ခဲ့ပါတယ်။ဘေးကလူတွေကလည်း Maနဲ့အတူ ကူညီပေးခဲ့ကြပါတယ်။အဆိုပါစစ်သားကတော့ သူ့ရဲ့လက်ချောင်းတွေပေါ်မှာ ဒဏ်ရာရသွားခဲ့ရပါတယ်။
စိတ်သဘောထားပြည့်ဝတဲ့သူ့လုပ်ရပ်ဗီဒီယိုဟာ social media ပေါ်ပျံ့နှံ့သွားပြီးနောက် netizen တွေက တစ်ပါးသူအသက်ကို အလေးထားပြီး သတ္တိရှိရှိကယ်တင်ပေးခဲ့လို့ ချီးကျူးဂုဏ်ပြုပေးခဲ့ကြပါတယ်။တချို့တွေက “ဒီလူငယ်လေးက ကောင်းမွန်တဲ့ ဥပမာတစ်ခုဘဲ။မြို့ထဲက အမိုက်ဆုံး၊အခန့်ညားဆုံးလူငယ်လေး။
ငါသူ့ကို လက်ထက်ချင်တယ်။”စတဲ့ မှတ်ချက်တွေလည်းပေးခဲ့ကြပါတယ်။Maဟာ စစ်တပ်မိသားစုမှမွေးဖွားလာခဲ့ပြီး ငယ်ငယ်ကတည်းက စစ်သားတစ်ယောက်ဖြစ်ချင်ခဲ့သူပါ။စစ်တပ်ထဲမဝင်ခင် Xi’an ဘဏ္ဏရေးနှင့်စီးပွါးရေးတက္ကသိုလ်မှာဘွှဲ့ရခဲ့ပါသေးတယ်။ကမ္ဘာပေါ်မှာ အဲ့လိုစိတ်သဘောထားပြည့်ဝတဲ့လူတွေ အများအပြားရှိနေသင့်ပါတယ်။
Leave a Reply