ကားထဲက တန်ဖိုးကြီးပစ္စည်းတွေကို မယူဘဲ ကားတံခါးတွေကိုသာ ဖြုတ်ယူသွားခဲ့တဲ့ ထူးထူးခြားခြားသူခိုး

ကားထဲက တန်ဖိုးကြီးပစ္စည်းတွေကို မယူဘဲ ကားတံခါးတွေကိုသာ ဖြုတ်ယူသွားခဲ့တဲ့ ထူးထူးခြားခြားသူခိုး

အခုလို အပူတပြင်းကာလကြီးက လူသားတို့အား အပူတပြင်းလုပ်ဆောင်မှုတွေကို လှုံဆော်ပေးနေပါလိမ့်မယ်။ကျွန်တော်တို့ အများစုကြားဖူးတာက ကားတစ်စီးလုံး ပျောက်သွားတာ ဒါမဟုတ် ကားထဲက တန်ဖိုးကြီး ပစ္စည်းတွေကို သူခိုးတွေခိုးသွားတာကိုဘဲ ကြားဖူးကြမှာပါ။

ဒါပေမဲ့ သူခိုးက ကားထဲက ပစ္စည်းတစ်ခုမှ မယူဘဲ ကားတံခါးလေးရွက်လုံးကိုဘဲ ဖြုတ်ခိုးသွားတဲ့အမှုနဲ့ပတ်သက်ပြီး ခင်ဗျားတို့ကြားဖူးကြပါသလား။ထူးဆန်းပေမဲ့ အဲ့လိုအမှုက တစ်ကယ်ဖြစ်ပွါးခဲ့တာပါ။Twitter အသုံးပြုသူ @amalee17 က အခိုးခံလိုက်ရတဲ့ သူမရဲ့သူငယ်ချင်းအဖြစ်ကို မျှဝေခဲ့ပါတယ်။သူမက “ ကျွန်မ သူငယ်ချင်းရဲ့ ကားတံခါးလေးရွက်လုံး အခိုးခံလိုက်ရတယ် ၊ ကားထဲက ပစ္စည်းတွေကိုတော့ ချန်ထားခဲ့တယ် ၊

လမ်းဘေးမှာ ကားရပ်တတ်တဲ့ လူတွေသတိထားကြပါ” လို့ တင်ထားခဲ့ပါတယ်။သူမက အခုအမှုကို ရဲစခန်းသို့ တိုင်ကြားလိုက်တော့ ရဲစခန်းက အဆိုပါအမှုမျိုးကို ကြိုဖူးတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုခဲ့ကြောင်းကို ပြန်မျှဝေထားခဲ့ပါသေးတယ်။ကားမတော်တဆမှုဖြစ်ပြီးနောက် တစ်စုံတစ်ယောက်က ကားအပိုပစ္စည်းအဖြစ် ဝယ်ယူလိုတာကြောင့် ၎င်းကားတံခါးတွေက သူခိုးတွေအတွက် လှုံဆော်ပေးတဲ့ တန်ဖိုးရှိနေသလို ဖြစ်ပုံရပါတယ်။

ဒါကြောင့် Mr.Bean က ဘာလို့ သူ့ကားတံခါးကို သော့ခလောက်တွေနဲ့ပါတပ်ထားရတဲ့အကြောင်းကို အခုတော့ ကျွန်တော်တို့ ကောင်းကောင်းကြီး နားလည်သွားရပါပြီလေ။

Be the first to comment

Leave a Reply

Your email address will not be published.


*