
ကားတံခါးကို ပြုပြင်နေစဉ်အထဲမှာ ဝှက်ထားတဲ့ ထောင်နဲ့ချီတဲ့ ဒေါ်လာ တွေကို တွေ့ရှိခဲ့တဲ့ အမျိုးသား
ကျွန်တော်တို့လူသားတွေ အများစုက တစ်နေ့ကျရင် သိန်းထီဆုကြီး ပေါက်ချင်တဲ့ အိမ်မက်ရှိခဲ့ဖူးကြမှာပါ။တစ်ချို့တစ်လေက သူတို့ရဲ့ ကံကြောင့် အိမ်နောက်ဖေးမှာ ရတနာတွေ တူးဖော်တွေ့ရှိတာတွေကိုလည်း ကျွန်တော်တို့တွေအမြဲကြားဖူးနေကြပါတယ်။
နောက်ပြီးတော့မှ သူတို့အိမ်ရဲ့ လျှို့ဝှက် အခန်းတွေထဲမှာလည်း အံဩစရာ ရတနာပစ္စည်းတွေကိုလည်း တွေ့ရှိတာတို့ဘာတို့ ကြားဖူးကြပါတယ်။ အဲ့ဒီလို အကြောင်းအရာတွေ ကြားရရင် မနာလိုတာတို့၊ အားကျတာတို့ ဖြစ်ဖူးကြမှာပါ။ဒီကနေ့ ဖော်ပြပေးမဲ့ အကြောင်းအရာကလည်း အမျိုးသားတစ်ဦးက သူ့ရဲ့ ကားတံခါး power ရပ်သွားခဲ့ပြီးနောက် အဲ့ဒီတံခါးကို ကိရိယာတွေနဲ့ အကုန်အပြင်ယူထုတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။
အဲ့ဒီအမျိုးသားက တံခါးကိုဆွဲထုတ်လိုက်ပြီး ကာထားတဲ့ ပလက်စတစ်ကို ဖယ်လိုက်တော့ တံခါးဘောင်ထဲမှာ ညှပ်ထည့်ထားတဲ့ အမည်းရောင် အိတ်ကို သတိထားမိခဲ့ပါတယ်။ အမည်းရောင်အိတ်နဲ့ဆိုတော့ အဲ့ဒီအမျိုးသားက ပြဿနာရှိနိုင်မှာလားဆိုပြီး တွေးတောနေခဲ့သေးတယ်။ သူအနီးကပ်ကြည့်ပြီး ရဲရဲနဲ့ ဆွဲထုတ်ခဲ့ရာ အဲ့ဒီအရာကသူ့ကို အံ့ဩစေခဲ့ပါတယ်။
အဲ့ဒီ အိတ်အမည်းထဲမှာ မူးယစ်ဆေးထုပ်နဲ့ အနည်းငယ်ဆင်တူနေတဲ့ ပိုက်ဆံထုပ် ၇နှစ်ထုပ် ထည့်ထားပါတယ်။ အဲ့ဒီအထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ မြောက်များစွာသော ပိုက်ဆံတွေ ဖြစ်နေတာပါ။
ကံကောင်းတာကတော့ အဲ့ဒီအမျိုးသားက ကားကို ဆိုင်မှာ သွားမပြင်ခဲ့တာပါဘဲ။သူတာဆိုင်မှာသွားပြင်ခဲ့ရင် သူအဲ့ဒီအထုပ်ကိုပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။ အခုတော့ သူ ထီပေါက်သလိုဖြစ်နေပါပြီ။
Leave a Reply