ကလေးမငိုအောင် မိခင်ဖြစ်သူရဲ့ဓာတ်ပုံကိုမျက်နှာမှာ ချည်နှောင်ထားပြီး ကလေးငယ်ကိုနို့တိုက်ကျွေးခဲ့တဲ့ ဖခင်

ကလေးမငိုအောင် မိခင်ဖြစ်သူရဲ့ဓာတ်ပုံကိုမျက်နှာမှာ ချည်နှောင်ထားပြီး ကလေးငယ်ကိုနို့တိုက်ကျွေးခဲ့တဲ့ ဖခင်

တရုတ်နိုင်ငံက ဖခင်တစ်ယောက်ရဲ့ ကလေးငယ်ကိုနို့တိုက်တဲ့ပုံစံက အတော့်ကို အထာကျလွန်းနေလို့ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။ ဖခင်ဖြစ်သူက ကလေးငယ်ရဲ့မိခင်ပုံဖွင့်ထားတဲ့ tablet ကို မျက်နှာပူးကပ်နေအောင် ချည်နှောင်ထားပြီး ကလေးငယ်ကိုနို့တိုက်ကျွေးနေခဲ့တာပါ ။

ကလေးငယ်က အစပိုင်းမှာ နို့မစို့ဘဲငိုယိုနေပုံရလို့ ဖခင်ဖြစ်သူက ယခုလိုနည်းလမ်းမျိုး စဉ်းစားခဲ့ပုံရပြီး video ထဲမှာတွေ့မြင်ရတဲ့အတိုင် ကလေးငယ်ကလည်း ပျော်ပျော်ရွှင်ရွှင်နို့သောက်နေခဲ့တာပါ ။ ဒါတင်မကသေးပါဘူး ကလေးငယ်ရဲ့လက်ကလည်း မိခင်ရဲ့ဓာတ်ပုံကို ကိုင်နေခဲ့သေးတာပါ ။

အဆိုပါအဖြစ်အပျက်လေးက အတော့်ကိုရေပန်းစားခဲ့ပြီး လူအချို့က ကလေးငယ်နဲ့မိခင်ကြားခိုင်မြဲလွန်းတဲ့သံယောဇဉ်ကို ဖွဲ့ဆိုခဲ့ကြပေမဲ့ အချို့သောသူကတော့ tablet ဟာ အလင်းရောင်များလွန်းတဲ့အတွက် ရေရှည်မှာဆိုရင် ကလေးငယ်ရဲ့မျက်လုံးကို ထိခိုက်နိုင်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*