ကလေးဘဝက ကယ်တင်ပေးခဲ့တဲ့သခင်နဲ့ ပြန်လည်ဆုံဆည်းချိန် ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ခဲ့တဲ့ ချင်ပန်ဇီမျောက်ဝံလေး (video ဖိုင်)

ကလေးဘဝက ကယ်တင်ပေးခဲ့တဲ့သခင်နဲ့ ပြန်လည်ဆုံဆည်းချိန် ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ခဲ့တဲ့ ချင်ပန်ဇီမျောက်ဝံလေး (video ဖိုင်)

ကြည်နူးဖွယ်ဗီဒီယိုဖိုင်လေးကိုတော့ chimp Limbani Instagram က Netizen တွေအတွက်ဆိုပြီးတော့ Limbani ရဲ့ Page မှာတင်ပေးခဲ့တာပါ။တိရစ္ဆာန် လေးတစ်ကောင်ဟာ သူ့ရဲ့ငယ်ဘဝက ကယ်တင်ရှင်လေးနဲ့ပြန်ဆုံတွေ့ရလို့ဘယ်လောက်ထိ ပျော်ရွှင်လိုက်မလဲဆိုတာကို မပြောပြတတ်လောက်အောင်ဖြစ်ရတာကြောင့် ဗီဒီယိုဖိုင်လေးနဲ့ဖော်ပြပေးခဲ့ပါတယ်။

Limbani လေးက လူအများကြိုက်နှစ်သက်ကြတဲ့ မျောက်ဝံ ပုံစံလေးတော့ဟုတ်မယ်မထင်ပါဘူး။ဒါပေမဲ့ Limbani လေးဟာ social media ပေါ်မှာအလွန်နာမည်ကြီးနေပြီး သူ့ရဲ့ Instagram မှာလည်း Follower ယောက် ပေါင်း ၇၁၁,၀၀၀ တောင်ရှိပါတယ်။

တစ်ချိန်ထဲမှာဘဲ Limbani လေးက သူ့ရဲ့ Page မှာ စိတ်ကြည်နူးဖွယ်ရာ ဗီဒီယိုဖိုင်လေးနဲ့ online ပေါ်ကလူတွေကို ဆွဲဆောင်ခဲ့ပြန်ပါတယ်။ဗီဒီယိုဖိုင် ထဲမှာ Limbani လေးဟာ သူ့ရဲ့ကယ်တင်ရှင်တွေဖြစ်တဲ့ Tania နဲ့ Jorge Sanchez တို့နဲ့ပြန်လည်တွေ့ဆုံကြတဲ့ကြည်နူးဖွယ်မြင်ကွင်း‌လေး ဘဲဖြစ်ပါတယ်။

Limbani လေးက Zoological Wildlife Foundation (ZWF) ကိုမရောက်လာခင်တုန်းက အဆုတ်ရောင်ရောဂါ နဲ့မွေးဖွားလာခဲ့ပြီး စုံတွဲနှစ်ဦးတို့ကပြုစုစောင့်ရှောက်ပေးခဲ့ကြတာပါ။”တစ်ကယ်လို့လူတွေရဲ့ ပြုစုစောင့်ရှောက်ကုသပေးမှုတွေမရှိရင် Limbani လေးဒီနေ့ဒီနေရာမှာတွေ့ရမှာမဟုတ်ဘူး” လို့ (ZWF)က ပြောထားပါတယ်။

ဒါကြောင့်ဘဲ Limbani လေးဟာသူ့ရဲ့ကယ်တင်ရှင်ဖြစ်တဲ့ ဒီစုံတွဲနှစ်ဦးကို မြင်မြင်ခြင်းဘဲ မှတ်မိ နေခဲ့ပါတယ်။ဒါကြောင့်”နှစ်တွေဘယ်လောက်ဘဲကြာညောင်းကုန်ဆုံးသွားပါ စေ အချစ်တွေကတော့မပြောင်းလဲပါဘူး” ဆိုတဲ့ဆိုရိုးစကားဟာ ဒီဖြစ်စဉ်လေးနဲ့လိုက်လျှောညီထွေမှုရှိလို့နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*