
ကလေးတွေ အချိန်မှန်မှန်သွားတိုက်အောင် အရုပ်လေးတွေမှာသွားအတုတပ်ပြီး ခြောက်လန့်ခဲ့တဲ့ သွားဆေးခန်း
ကလေးငယ်တွေက များသောအားဖြင့် ဆရာဝန်တွေ (သို့) သွားဆရာဝန်တွေနဲ့ တွေ့ရမှာကို သူတို့အလွန်မုန်းကြပါတယ် ။ ဆေးခန်းအများစုက ကစားစရာများနဲ့ ခေါင်းအုံးငယ်များကို ပြင်ဆင်ခြင်းဖြင့် စိတ်ဝင်စားဖွယ်နည်းအမျိုးမျိုးနဲ့ ကလေးငယ်များကို ဆွဲဆောင်ခဲ့ကြပါတယ် ။ ယခုဖော်ပြပေးမဲ့ သွားဆေးခန်းတစ်ခုကတော့ ရှုပ်ထွေးပြီး ရယ်စရာကောင်းမိပါတယ် ။ ကလေးများကို ဆွဲဆောင်နိုင်ဖို့ သူတို့ဆေးခန်းထဲမှာ တိရိစ္ဆာန်အရုပ်များစွာကို ပြင်ဆင်ပေးထားပါတယ် ။ သို့ပေမဲ့ ထိုကစားစရာများအားလုံးကို သွားအတုများ တပ်ဆင်ထားခြင်းကြောင့် ရယ်စရာကောင်းသလို ကြောက်စရာလည်းကောင်းပါတယ်
ကြည့်လိုက်တာနဲ့ အံ့သြစရာကောင်းပြီး ထိတ်လန့်စရာကောင်းတာကြောင့် ကလေးတော်တော်များများက သွားအတုနဲ့ နဂါးတွေကို ကြည့်ပြီးတဲ့နောက်မှာ သွားတွေကို သန့်သန့်ရှင်းရှင်းနဲ့ ထားကြပါတော့တယ် ။ ၎င်းက ကလေးငယ်များကို သွားတိုက်စေရန် အဆင်ပြေစေတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး ထိုနည်းလမ်းဟာ ကျိန်းသေအလုပ်ဖြစ်စေပါတယ် ။
#2
#3
#4
#5
#6
#7
#8
Leave a Reply