ကလေးငယ် လမ်းလျှောက်တတ်အောင် ကိုယ်တိုင်သင်ကြားပေးခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

ကလေးငယ် လမ်းလျှောက်တတ်အောင် ကိုယ်တိုင်သင်ကြားပေးခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

ကိုယ့်ရဲ့ ကလေးငယ် ပထမဆုံးအနေနဲ့ လမ်းလျှောက်တတ်ဖို့ မိဘတွေအနေနဲ့ အတော်လေးကို စိတ်ရှည်သည်းခံပြီး သင်ကြားပြသပေးခဲ့ရတာပါ ။ ကံကောင်းစွာနဲ့ပဲ ဒီတစ်ခေါက်ဖော်ပြမဲ့ လမ်းမလျှောက်တတ်သေးတဲ့ကောင်လေးကို အိမ်မှာမွေးထားတဲ့ကြောင်လေးက လမ်းလျှောက်တတ်အောင် ကူညီသင်ကြားပေးခဲ့ပါတယ် ။

Video ထဲမှာ ဖော်ပြထားတဲ့အတိုင်း တွန်းလှည်းလေးကိုအားပြုပြီး လမ်းလျှောက်ရတာကို အရင်ဆုံးကြောင်လေးက ပြုလုပ်ပြခဲ့ပါတယ် ။ ခဏမှာပဲ ကလေးငယ်က ကြောင်လေးလို တွန်းလှည်းကိုအမှီပြုပြီး လမ်းလျှောက်ကာ လိုက်လံတုပခဲ့ပါတယ် ။ ကြောင်လေးရဲ့အပြုအမှုကိုကြည့်ရုံနဲ့ သူဟာ ကလေးငယ်ကို လမ်းလျှောက်တတ်အောင် သက်ကြားပြသပေးနေမှန်း သိသာနေခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်ကို ကလေးငယ်ရဲ့မိဘက video ရိုက်ယူထားပြီး social media ပေါ်ဝေမျှပေးခဲ့တာပါ ။ တစ်ကယ့်ကို ကလေးငယ်အပေါ် ချစ်ခင်ပြီး သိတတ်လိမ္မာလွန်းတဲ့ ကြောင်လေးလို့ ပြောရမှာပါပဲလေ ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*