
ကလေးငယ် တမှေးအိပ်အောင် ချော့သိပ်နေတဲ့ ဉာဏ်ကောင်းလွန်းတဲ့ ဖခင်
နေ့ခင်ကလေးငယ် တစ်မှေးအိပ်အောင် ချော့သိပ်ရတဲ့မိဘတွေအနေနဲ့လည်း အိပ်စက်အနားယူချင်နေကြမှာပါ ။ သို့ပေမဲ့လည်း ကလေးငယ်တွေက မိဘတွေရဲ့ အရိပ်တကြည့်ကြည့်နဲ့ ချော့သိပ်ပေးနေတာမျိုးကိုပဲ လိုချင်ကြတာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ တရုတ်နိုင်ငံက ဖခင်တစ်ဦးရဲ့ ကလေးချော့သိပ်ပုံကတော့ အရမ်းကို ဉာဏ်ကောင်းလွန်းခဲ့တယ်လို့ ပြောရမှာပါပဲ ။
အကြောင်းကတော့ ကလေးငယ် ရဲ့ ဘေးမှာ လှဲအိပ်ပေးနေပြီး ၊ မျက်ခွံပေါ်မှာလည်း မျက်လုံးပုံစံ ဆွဲထားကာ ကလေးကို အမြဲစောင့်ကြည့်နေတဲ့ပုံစံမျိုးနဲ့ပါ ။ ဒါ့အပြင် ကလေးချော့သိပ်တေးသီချင်းကို ဖုန်းနဲ့အသံသွင်းထားပြီး တစ်ဆင့်ပြန်ဖွင့်ထားပြီး ဖခင်ဖြစ်သူမှာတော့ နားထဲတစ်သျူးစထိုးထည့်ထားပြီး တစ်မေ့တစ်မောအိပ်နေခဲ့တာပါ ။ အဆိုပါ အဖြစ်အပျက်လေးကို ကလေးငယ်ရဲ့မိခင်ဖြစ်သူက video ရိုက်ကူးထားပြီး social media ပေါ်ပြန်လည်ဝေမျှခဲ့တာပါ ။
မကြာခင်မှာပဲ အဆိုပါ video ဟာ ကြည့်ရှုသူအများအပြားရရှိခဲ့ပြီး ၊ အချို့သောဖခင်တွေကလည်း သူတို့ကလေးထိန်းတဲ့ ပုံစံတွေကိုပါ ထပ်လောင်ပြီးဝေမျှသွားခဲ့ကြပါသေးတယ် ။
Zawgyi
ေန႔ခင္ကေလးငယ္ တစ္ေမွးအိပ္ေအာင္ ေခ်ာ့သိပ္ရတဲ့မိဘေတြအေနနဲ႔လည္း အိပ္စက္အနားယူခ်င္ေနၾကမွာပါ ။ သို႔ေပမဲ့လည္း ကေလးငယ္ေတြက မိဘေတြရဲ႕ အရိပ္တၾကည့္ၾကည့္နဲ႔ ေခ်ာ့သိပ္ေပးေနတာမ်ိဳးကိုပဲ လိုခ်င္ၾကတာပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ တ႐ုတ္ႏိုင္ငံက ဖခင္တစ္ဦးရဲ႕ ကေလးေခ်ာ့သိပ္ပံုကေတာ့ အရမ္းကို ဥာဏ္ေကာင္းလြန္းခဲ့တယ္လို႔ ေျပာရမွာပါပဲ ။
အေၾကာင္းကေတာ့ ကေလးငယ္ ရဲ႕ ေဘးမွာ လွဲအိပ္ေပးေနၿပီး ၊ မ်က္ခြံေပၚမွာလည္း မ်က္လံုးပံုစံ ဆြဲထားကာ ကေလးကို အျမဲေစာင့္ၾကည့္ေနတဲ့ပံုစံမ်ိဳးနဲ႔ပါ ။ ဒါ့အျပင္ ကေလးေခ်ာ့သိပ္ေတးသီခ်င္းကို ဖုန္းနဲ႔အသံသြင္းထားၿပီး တစ္ဆင့္ျပန္ဖြင့္ထားၿပီး ဖခင္ျဖစ္သူမွာေတာ့ နားထဲတစ္သ်ဴးစထိုးထည့္ထားၿပီး တစ္ေမ့တစ္ေမာအိပ္ေနခဲ့တာပါ ။ အဆိုပါ အျဖစ္အပ်က္ေလးကို ကေလးငယ္ရဲ႕မိခင္ျဖစ္သူက video ႐ိုက္ကူးထားၿပီး social media ေပၚျပန္လည္ေဝမ်ွခဲ့တာပါ ။
မၾကာခင္မွာပဲ အဆိုပါ video ဟာ ၾကည့္႐ႈသူအမ်ားအျပားရ႐ွိခဲ့ၿပီး ၊ အခ်ိဳ႕ေသာဖခင္ေတြကလည္း သူတို႔ကေလးထိန္းတဲ့ ပံုစံေတြကိုပါ ထပ္ေလာင္ၿပီးေဝမ်ွသြားခဲ့ၾကပါေသးတယ္ ။
Leave a Reply