ကလေးငယ်ရဲ့ဓာတ်ပုံအနောက်မှာ ထိတ်လန့်ဖွယ်ပါရှိလာခဲ့တဲ့ ဆာမူရိုင်းခြေထောက်တစ်စုံ

ကလေးငယ်ရဲ့ဓာတ်ပုံအနောက်မှာ ထိတ်လန့်ဖွယ်ပါရှိလာခဲ့တဲ့ ဆာမူရိုင်းခြေထောက်တစ်စုံ

ဂျပန်နိုင်ငံ၊ Kanagawa စီရင်စုက Zushi မြို့ရှိကမ်းခြေတစ်ခုမှာ မိန်ကလေးငယ်နဲ့ ဖခင်ဖြစ်သူက အားလပ်ရက်အနားယူနေစဉ် သွားလည်ခဲ့ပြီး သမီးဖြစ်သူရဲ့ဓာတ်ပုံကိုရိုက်ပြီး တင်လိုက်တဲ့အခါမှာ ထိုဓာတ်ပုံဟာ အင်တာနက်အသုံးပြုသူများစွာကို ရှုပ်ထွေးစေခဲ့ပါတယ် ။ ဖခင်ဖြစ်သူက Samsung ဂလက်ဆီစမတ်ဖုန်းကို အသုံးပြုပြီး သူ့ကလေးရဲ့ ဓာတ်ပုံကို ရိုက်ယူခဲ့ပါတယ် ။ သူဖမ်းမိတဲ့ရိုက်ချက်များကို ပြန်စစ်ကြည့်တဲ့အခါမှာ ဖခင်က သူ့သမီးရဲ့အနောက်ဘက်က လျှို့ဝှက်ဆန်းကြယ်တဲ့ ဘွတ်ဖိနပ်လိုအမဲရောင်ပုံစံကို တွေ့ခဲ့ပါတယ် ။

အနီးအနားရှိတောင်တန်းတွေ ဝှက်ထားတဲ့ ဆာမူရိုင်းသင်္ချိုင်းဂူများအနီးမှာ ရိုက်ယူခဲ့တာကြောင့် ဖခင်ဖြစ်သူက သူ့သမီးရဲ့ဓာတ်ပုံကိုဖရိုဖရဲဖြစ်စေတာလို့ ဖခင်ဖြစ်သူက ယုံကြည်ထားပါတယ် ။ သူက သမီးလေးရဲ့ရုပ်ပုံများကို ဖမ်းယူတဲ့အခါမှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိကြောင်းပြောဆိုခဲ့ပါတယ် ။ ထိုပုံကို ဆိုရှယ်မီဒီယာပေါ်တင်ပြလိုက်တဲ့အခါမှာ Netizen အတော်များများက မိန်းကလေးနောက်ဘက်မှာ အမဲရောင်ဘွတ်ဖိနပ်ကို သတိပြုမိခဲ့ပြီး တစ်စုံတစ်ဦးက ကလေးမရဲ့အနောက်မှာ ရပ်နေတာလားဆိုပြီး မှတ်ချက်ခဲ့ပါတယ် ။ အခြားတစ်ဦးက ထိုအရာဟာ ရှေးခေတ်က ဆာမူရိုင်းသရဲတွေဘဲဖြစ်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ် ။

Bushu လို့လည်းလူသိများတဲ့ ဆာမူရိုင်းတွေဟာ အလယ်ခေတ်မတိုင်မီက ဂျပန်တို့ရဲ့ စစ်သည်များဖြစ်ကြပါတယ် ။ ရှေးခေတ်ကလူသိများတဲ့ ဂျပန်လူမျိုးလို့သတ်မှတ်ခံထားရတဲ့ ဆာမူရိုင်းတွေက Edo ခေတ်အတွင်းမှာ လူမှုအဆင့်အတန်းအမြင့် ဆုံးပုဂ္ဂိုလ်များ ဖြစ်လာခဲ့ပါတယ် ။ သူတို့ဟာ Bushido ကျင့်ဝတ်စည်းကမ်း (သို့) စစ်သည်ရဲ့လမ်းစဉ်အတိုင်းနေထိုင်ကြပါတယ် ။

Zawgyi

ကေလးငယ္ရဲ႕ဓာတ္ပုံအေနာက္မွာ ထိတ္လန႔္ဖြယ္ပါရွိလာခဲ့တဲ့ ဆာမူ႐ိုင္းေျခေထာက္တစ္စုံ

ဂ်ပန္ႏိုင္ငံ၊ Kanagawa စီရင္စုက Zushi ၿမိဳ႕ရွိကမ္းေျခတစ္ခုမွာ မိန္ကေလးငယ္နဲ႔ ဖခင္ျဖစ္သူက အားလပ္ရက္အနားယူေနစဥ္ သြားလည္ခဲ့ၿပီး သမီးျဖစ္သူရဲ႕ဓာတ္ပုံကို႐ိုက္ၿပီး တင္လိုက္တဲ့အခါမွာ ထိုဓာတ္ပုံဟာ အင္တာနက္အသုံးျပဳသူမ်ားစြာကို ရႈပ္ေထြးေစခဲ့ပါတယ္ ။ ဖခင္ျဖစ္သူက Samsung ဂလက္ဆီစမတ္ဖုန္းကို အသုံးျပဳၿပီး သူ႔ကေလးရဲ႕ ဓာတ္ပုံကို ႐ိုက္ယူခဲ့ပါတယ္ ။ သူဖမ္းမိတဲ့႐ိုက္ခ်က္မ်ားကို ျပန္စစ္ၾကည့္တဲ့အခါမွာ ဖခင္က သူ႔သမီးရဲ႕အေနာက္ဘက္က လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ ဘြတ္ဖိနပ္လိုအမဲေရာင္ပုံစံကို ေတြ႕ခဲ့ပါတယ္ ။

အနီးအနားရွိေတာင္တန္းေတြ ဝွက္ထားတဲ့ ဆာမူ႐ိုင္းသခ်ႋဳင္းဂူမ်ားအနီးမွာ ႐ိုက္ယူခဲ့တာေၾကာင့္ ဖခင္ျဖစ္သူက သူ႔သမီးရဲ႕ဓာတ္ပုံကိုဖ႐ိုဖရဲျဖစ္ေစတာလို႔ ဖခင္ျဖစ္သူက ယုံၾကည္ထားပါတယ္ ။ သူက သမီးေလးရဲ႕႐ုပ္ပုံမ်ားကို ဖမ္းယူတဲ့အခါမွာ မည္သူတစ္ဦးတစ္ေယာက္မွ မရွိေၾကာင္းေျပာဆိုခဲ့ပါတယ္ ။ ထိုပုံကို ဆိုရွယ္မီဒီယာေပၚတင္ျပလိုက္တဲ့အခါမွာ Netizen အေတာ္မ်ားမ်ားက မိန္းကေလးေနာက္ဘက္မွာ အမဲေရာင္ဘြတ္ဖိနပ္ကို သတိျပဳမိခဲ့ၿပီး တစ္စုံတစ္ဦးက ကေလးမရဲ႕အေနာက္မွာ ရပ္ေနတာလားဆိုၿပီး မွတ္ခ်က္ခဲ့ပါတယ္ ။ အျခားတစ္ဦးက ထိုအရာဟာ ေရွးေခတ္က ဆာမူ႐ိုင္းသရဲေတြဘဲျဖစ္မယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္ ။

Bushu လို႔လည္းလူသိမ်ားတဲ့ ဆာမူ႐ိုင္းေတြဟာ အလယ္ေခတ္မတိုင္မီက ဂ်ပန္တို႔ရဲ႕ စစ္သည္မ်ားျဖစ္ၾကပါတယ္ ။ ေရွးေခတ္ကလူသိမ်ားတဲ့ ဂ်ပန္လူမ်ိဳးလို႔သတ္မွတ္ခံထားရတဲ့ ဆာမူ႐ိုင္းေတြက Edo ေခတ္အတြင္းမွာ လူမႈအဆင့္အတန္းအျမင့္ ဆုံးပုဂၢိဳလ္မ်ား ျဖစ္လာခဲ့ပါတယ္ ။ သူတို႔ဟာ Bushido က်င့္ဝတ္စည္းကမ္း (သို႔) စစ္သည္ရဲ႕လမ္းစဥ္အတိုင္းေနထိုင္ၾကပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*