ကလေးငယ်နှစ်ဦးနဲ့အတူ 7နာရီခန့် ရေချိုးခန်းထဲ ပိတ်မိနေခဲ့တဲ့အဖြစ်ကို ဝေမျှခဲ့တဲ့မိခင်

ကလေးငယ်နှစ်ဦးနဲ့အတူ 7နာရီခန့် ရေချိုးခန်းထဲ ပိတ်မိနေခဲ့တဲ့အဖြစ်ကို ဝေမျှခဲ့တဲ့မိခင်

ကိုယ့်ကိုအန္တရာယ်ကနေ ကာကွယ်ဖို့တပ်ဆင်ထားတဲ့အရာက တစ်ခါတစ်လေကိုယ့်ကိုပြန်ပြီး ဒုက္ခရောက်စေတတ်တဲ့အဖြစ်မျိုးကိုမြင်ယောင်ကြည့်လိုက်ပါ ။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှပါတယ် ။မလေးရှားနိုင်ငံက Safra Hussain အမည်ရှိတဲ့ မိခင်တစ်ဦးဟာ 7 နာရီခန့် ကလေးနှစ်ယောက်နဲ့အတူ ရေချိုးခန်းထဲ ပိတ်မိနေခဲ့တဲ့အကြောင်းကိုဝေမျှခဲ့ပါတယ် ။

ဖြစ်စဉ်ကတော့ သူမဟာ ကလေးနှစ်ယောက်ကို ရေချိုးပေးနေတုန်း ရေချိုးခန်းရဲ့အတွင်းဖက်ကတံခါးက သော့ခတ်သွားခဲ့ပြီး လောက်စ်ကျ့ သွားခဲ့တာကို သတိထားမိခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမကိုယ်တိုင်စိတ်ကို တည်ငြိမ်နေစေဖို့ ကလေးတွေကို ဆပ်ပြာရည်နဲ့ ဆော့ကစားစေခဲ့ပါတယ် ။ သူမမှာရှိတဲ့အားနဲ့ တံခါးကိုစောင့်ဖွင့်ပြီး ၊ သဘတ်တွေနဲ့ လက်ကိုင်ကိုဆွဲဖွင့်ခဲ့ပေမဲ့လည်း လုံးဝလောက့်ကျနေခဲ့တာပါ ။ ထိုအချိန်မှာ သူမဆီမှာ ဖုန်းလည်းရှိမနေခဲ့ပါဘူး ။

ကလေးငယ်တွေရဲ့လက် နဲ့ ခြေထောက်တွေက အေးခဲပြီး ပြာနှံနှံဖြစ်လာခဲ့ချိန်မှာတော့ သူမအတော်လေးစိုးရိမ်ခဲ့ပြီး ရေနွေးဖွင့်ပေးခဲ့ရပါတယ် ။သူမရဲ့သမီးလေးက ဗိုက်ဆာတယ်လို့ ပြောဆိုလာခဲ့ချိန်မှာတော့ သူမဟာ ကလေးငယ်တွေကို ရေတွေသာတိုက်ခဲ့ရပါတယ် ။ ပင်ပန်းလာခဲ့ပြီး အိပ်မောကျချင်ခဲ့တဲ့အထိ ဖြစ်လာခဲ့ပြီး ၊ မျက်လုံးတွေ မှိတ်ထားချင်ခဲ့ကြတဲ့အထိပါ ။

ကံကောင်းစွာနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူက ပုံမှန် Facebook stories မှာ update လုပ်လေ့ရှိတဲ့ သူမက ဘာ post မှ မတင်ခဲ့လို့ စိတ်ထဲတစ်ခုခုဖြစ်နေပြီဆိုပြီး ခံစားရလာကာ ဇနီးကို ဖုန်အကြိမ်ကြိမ်ဆက်ခဲ့ပါတော့တယ် ။ သူမက ဖုန်းမကိုင်လို့ သမီးကြီးရဲ့ကျောင်းဆီသို့ လိုက်သွားခဲ့ချိန်မှာတော့ သမီးကျောင်းမလာမှန်း သိသွားခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ နေအိမ်သို့ပြေးပြန်ခဲ့ပါတယ် ။

နေအိမ်ရောက်ခဲ့ချိန်မှ ဇနီး နဲ့ ကလေးတွေ ရေချိုးခန်းထဲပိတ်မိနေမှန်းသိခဲ့ပြီး သော့နဲ့တံခါးကိုဖွင့်ခဲ့ပေမဲ့လည်း အဆင်မပြေလို့ နောက်ဆုံးဆောင့်ကန်ကာတံခါးဖျက်ပြီး ဖွင့်ခဲ့ရကြောင်းသိရပါတယ် ။ အကြီးဆုံးသမီးမှာတော့ ယခုအချိန်ထိ ရေချိုးခန်းထဲ မဝင်ရဲဘဲ ကြောက်လန့်နေကြောင်း သူမတို့ရဲ့အဖြစ်အပျက်ကို social media ပေါ်မှာဝေမျှသွားခဲ့ပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*