ကလေးငယ်တွေကို ဆပ်ပြာ အသုံးပြု ပြီး ရေမချိုးပေးသင့်

မိခင်တွေဟာ ကလေးငယ်တွေ ရေချိုးပေးဖို့ ဘာသုံးပေးရင်ကောင်းမလဲဆိုတဲ့ ကိစ္စနဲ့ မကြာခဏ ခေါင်းကိုက်တတ်ကြပါတယ်။ ရေချိုးပေးခြင်းက ကလေးငယ်တွေအတွက် ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခု ဖြစ်ပါတယ်။ အစပိုင်းမှာတော့ မိဘတွေ ကလေးကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်တတ်သေးတာကြောင့် အနည်းငယ်စိုးရိမ်မှု ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရေချိုးပေးဖန်များလာတဲ့အခါ မိဘတွေဟာ ကျွမ်းကျင်မှုရှိလာပြီး အပြန်အလှန်ကျေနပ်ပျော်ရွှင်မှု ပိုမိုရှိလာကြပါတယ်။

ကလေးရဲ့ ပထမ တစ်နှစ်အတွင်း မွှေးကြိုင်တဲ့ ရေချိုးဆပ်ပြာတွေ မသုံးသင့်ပါဘူး။ ရေနွေးဖြင့်သာ ချိုးပေးသင့်ပါတယ်။ ကလေးရဲ့ ဆံပင်ထူနေတယ်ဆိုရင် ခေါင်းလျှော်ရည်ပျော့ပျော့လေးနဲ့ လျှော်ပြီး ရေနဲ့သေချာပြန်ဆေးကြောပြီးနောက် ခြောက်အောင်သုတ်ပြီး ခေါင်းဖြီးပေးသင့်ပါတယ်။

နားရွက်နောက်နား နေရာ၊ လည်ပင်းအလွှာတွန့်တွေ၊ ချိုင်းကြားနဲ့ ပေါင်ခြံတွေကို အထူးသတိထားပါ။ လက်အိပ်စွပ်ပြီး ရေနဲ့ဆေးကြောသန့်စင်ပေးပါ။ မိဘတွေ မိမိကလေးကို မွှေးကြိုင်အောင် ထားလိုကြတယ်။ ဒါပေမယ့် ဒါ ကလေးရဲ့ အရေပြားအတွက် မသင့်တော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကာအကွယ်ပေးတဲ့ အလွှာပါးတွေ ဖယ်ရှားလိုက်လို့ပါပဲ။ အမွှေးနံ့တွေပါတဲ့ ဆပ်ပြာတွေက အရေပြားမှာ အနီကွက်နဲ့ နှင်းခူနာ ဖြစ်လေ့ရှိပြီး ပန်းနာနဲ့ အခြားဓာတ်မှုပြသနာတွေ ဖြစ်ပွားတတ်လို့ပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*