ကလေးငယ်တစ်ယောက်ရပါစေဆိုတဲ့ ဆုကိုသာတောင်းဆိုတဲ့အမျိုးသမီးထံမှ ဒေါ်လာ၂၅၀ ကို ရရှိခဲ့တဲ့ FoodPanda အမျိုးသား

ကလေးငယ်တစ်ယောက်ရပါစေဆိုတဲ့ ဆုကိုသာတောင်းဆိုတဲ့အမျိုးသမီးထံမှ ဒေါ်လာ၂၅၀ ကို ရရှိခဲ့တဲ့ FoodPanda အမျိုးသား

ကလေးငယ်တစ်ယောက် ရပါစေဆိုတဲ့ ဆုတောင်းခြင်းကိုသာ တောင်းတဲ့အမျိုးသမီးတစ်ဦးထံမှ ဒေါ်လာ ၂၅၀ တန်ငွေစက္ကူကိုရပြီးနောက် FoodPanda Rider ဟာ သူ့ဘဝကို အံ့အားသင့်စေခဲ့ပါတယ် ။ အကြောင်းရင်းမှာ မလေးရှားနိုင်ငံက Muhammad Faris Faizul အမည်ရှိ FoodPanda Rider အမျိုးသားတစ်ဦးဟာ အမျိုးသမီးတစ်ဦးထံ အစားစားကိုပို့ဆောင်ပေးတဲ့အချိန်မှာ ၎င်းအမျိုးသမီးက သူမရဲ့ အိမ်အပြင်ဘက်ရှိ စားပွဲတစ်ခုပေါ်မှာ ထားစေပြီး အဲ့နေရာမှရှိတဲ့ စာအိတ်ကို ယူရန် ထိုအမျိုးသမီးရဲ့ ညွှန်းကြားကို ရရှိခဲ့ပါတယ် ။

သူမပြောခဲ့သလို Faizul ကလည်း သူမရဲ့အိမ်နဲ့ အကွားအဝေး အနည်းငယ်မှာ စာအိတ်ကို စစ်ဆေးကြည့်ခဲ့ပါတယ် ။ စာအိတ်ထဲမှာ ရင်းဂစ် ၁၀၀၀ (ဒေါ်လာ ၂၅၀ ၀ န်းကျင်) ကိုတွေ့တော့ သူအံ့သြသွားပါတယ် ။ အံ့သြစရာကောင်းတာက သူဟာ စမ်းသပ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ထင်တဲ့အတွက် ထိုအမျိုးသမီးထံ အလျင်အမြန် မက်ဆေ့ခ်ျပို့ခဲ့ပါတယ် ။ ” အစ်မ, ကျွန်တော့်ကို ကစားနေတာလား? ဒီမှာ ဘာလို့ RM1,000 ရှိနေတာလဲ ” လို့ Faizul က ရေးသားခဲ့ပါတယ် ။ ၎င်းအမျိုးသမီးက ” အင်း၊ ဒါဟာ နင့်ရဲ့ rezeki (ကောင်းကြီးမင်္ဂလာ) ဖြစ်ပါတယ် ။ အစ်မကို ကလေးရဖို့ဘဲ ဆုတောင်းပေးပါ ။

နင့်သူငယ်ချင်းတွေကိုလည်း ငါအလျင်အမြန်နဲ့ ကလေးရပြီ မွေးဖွားနိုင်အောင်ဘဲ ငါ့အတွက် ဆုတောင်းခိုင်းပေးပါ ” လို့ တုန့်ပြန်ခဲ့ပါတယ် ။ ဒါကြောင့် Faizul က ဒီအမျိုးသမီးကိုနောက်ဆုံးမှာ သူမလိုအင်ဆန္ဒဖြစ်တဲ့ ကလေးတစ်ယောက်ရဖို့ကို ဆုတောင်းပြီး သူ့သူငယ်ချင်းတွေလည်း သူမအတွက် ဆုတောင်းပေးရန် တောင်းဆိုပေးခဲ့လိုက်ပါတယ် ။

Zawgyi

ကေလးငယ္တစ္ေယာက္ရပါေစဆိုတဲ့ ဆုကိုသာေတာင္းဆိုတဲ့အမ်ိဳးသမီးထံမွ ေဒၚလာ၂၅၀ ကို ရရွိခဲ့တဲ့ FoodPanda အမ်ိဳးသား

ကေလးငယ္တစ္ေယာက္ ရပါေစဆိုတဲ့ ဆုေတာင္းျခင္းကိုသာ ေတာင္းတဲ့အမ်ိဳးသမီးတစ္ဦးထံမွ ေဒၚလာ ၂၅၀ တန္ေငြစကၠဴကိုရၿပီးေနာက္ FoodPanda Rider ဟာ သူ႔ဘဝကို အံ့အားသင့္ေစခဲ့ပါတယ္ ။ အေၾကာင္းရင္းမွာ မေလးရွားႏိုင္ငံက Muhammad Faris Faizul အမည္ရွိ FoodPanda Rider အမ်ိဳးသားတစ္ဦးဟာ အမ်ိဳးသမီးတစ္ဦးထံ အစားစားကိုပို႔ေဆာင္ေပးတဲ့အခ်ိန္မွာ ၎အမ်ိဳးသမီးက သူမရဲ႕ အိမ္အျပင္ဘက္ရွိ စားပြဲတစ္ခုေပၚမွာ ထားေစၿပီး အဲ့ေနရာမွရွိတဲ့ စာအိတ္ကို ယူရန္ ထိုအမ်ိဳးသမီးရဲ႕ ၫႊန္းၾကားကို ရရွိခဲ့ပါတယ္ ။

သူမေျပာခဲ့သလို Faizul ကလည္း သူမရဲ႕အိမ္နဲ႔ အကြားအေဝး အနည္းငယ္မွာ စာအိတ္ကို စစ္ေဆးၾကည့္ခဲ့ပါတယ္ ။ စာအိတ္ထဲမွာ ရင္းဂစ္ ၁၀၀၀ (ေဒၚလာ ၂၅၀ ၀ န္းက်င္) ကိုေတြ႕ေတာ့ သူအံ့ၾသသြားပါတယ္ ။ အံ့ၾသစရာေကာင္းတာက သူဟာ စမ္းသပ္မႈတစ္ခုျဖစ္လိမ့္မယ္လို႔ထင္တဲ့အတြက္ ထိုအမ်ိဳးသမီးထံ အလ်င္အျမန္ မက္ေဆ့ခ္်ပို႔ခဲ့ပါတယ္ ။ ” အစ္မ, ကြၽန္ေတာ့္ကို ကစားေနတာလား? ဒီမွာ ဘာလို႔ RM1,000 ရွိေနတာလဲ ” လို႔ Faizul က ေရးသားခဲ့ပါတယ္ ။ ၎အမ်ိဳးသမီးက ” အင္း၊ ဒါဟာ နင့္ရဲ႕ rezeki (ေကာင္းႀကီးမဂၤလာ) ျဖစ္ပါတယ္ ။ အစ္မကို ကေလးရဖို႔ဘဲ ဆုေတာင္းေပးပါ ။

နင့္သူငယ္ခ်င္းေတြကိုလည္း ငါအလ်င္အျမန္နဲ႔ ကေလးရၿပီ ေမြးဖြားႏိုင္ေအာင္ဘဲ ငါ့အတြက္ ဆုေတာင္းခိုင္းေပးပါ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္ ။ ဒါေၾကာင့္ Faizul က ဒီအမ်ိဳးသမီးကိုေနာက္ဆုံးမွာ သူမလိုအင္ဆႏၵျဖစ္တဲ့ ကေလးတစ္ေယာက္ရဖို႔ကို ဆုေတာင္းၿပီး သူ႔သူငယ္ခ်င္းေတြလည္း သူမအတြက္ ဆုေတာင္းေပးရန္ ေတာင္းဆိုေပးခဲ့လိုက္ပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*