
ကလေးငယ်ကို ဝရန်တာမှ ပြုတ်မကျအောင် စောင့်ရှောက်ပေးနေသည့် ကြောင်တစ်ကောင်ရဲ့ မြင့်မားလှသော အသိညဏ်
ယခုတွင် ဆိုရှယ်မီဒီယာပေါ်၌ နာမည်ကြီး ရေပန်စားနေသော ဗီဒီယိုထဲမှ ကြောင်တစ်ကောင်၏ အပြုအမူသည် အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းလှပေသည်။
ကြောင်လေးများသည်လည်း လူတို့၏ ချစ်ခင်ကြင်နာခြင်းကို အထူးရရှိကြသော တိရိစ္ဆာန်လေးများဖြစ်ပေသည်။ကြောင်လေးများ၏ အပြုအမူသည် အလွန်ချစ်ခင်နှစ်သက်ဖွယ်ဖြစ်ကာ ချွဲနွဲ့တတ်သော တိရိစ္ဆာန်လေးများဖြစ်ပေသည်။
ကြောင်လေးများသည်လည်း အသိညဏ်မြင့်မားလှပေသည်။ယခုဗီဒီယိုထဲတွင် တွေ့မြင်ရသော ကြောင်လေး၏ အသိညဏ်နှင့် အပြုအမူသည် ကြည့်ရှု့သူအားလုံးကို အလွန်ပင် အံအားသင့်စေခဲ့ပါသည်။
ဗီဒီယိုထဲတွင် ကြောင်ကလေးသည် ကလေးငယ်တစ်ဦးနှင့်အတူရှိနေခဲ့ပြီး ဝရန်တာတွင်ဆော့ကစားနေခဲ့ကြပါသည်။ထိုစဥ်တွင် ကလေးငယ်လေးသည် ဝရန်တာ ဘောင်ပေါ်သို့တတ်ရန် ကြိုးစားလာသဖြင့် ကြောင်ကလေးသည် ကလေးငယ်၏ လက်ကို ဆွဲဖယ်ပစ်ခဲ့ပါသည်။
ထို့နောက်တွင် ကလေးငယ် ဝရန်တာအောက်ပြုတ်ကြမည်စိုးရိမ်သဖြင့် ကလေးငယ်ရှေ့တွင် ပိတ်ရပ်လိုက်ပေသည်။ ကြောင်လေး၏ အပြုအမူသည် အလွန်အံအားသင့်ဖွယ်ကောင်းကာ ဗီဒီယိုထဲတွင် အထင်းသား မြင်တွေ့ရပါသည်။
Leave a Reply