ကလေးကျောင်းသွားကြိုသည့်အချိန်တွင် သားဖြစ်သူက ဖခင်ကို မမှတ်မိလို့ ဆရာမက ကလေးခိုးသူဟုထင်ကာ အချုပ်ထဲရောက်မလိုဖြစ်ခဲ့ရသည့် ဖခင်၏အဖြစ်

ကလေးကျောင်းသွားကြိုသည့်အချိန်တွင် သားဖြစ်သူက ဖခင်ကို မမှတ်မိလို့ ဆရာမက ကလေးခိုးသူဟုထင်ကာ အချုပ်ထဲရောက်မလိုဖြစ်ခဲ့ရသည့် ဖခင်၏အဖြစ်

လူလောကကြီးထဲတွင် အလွဲများစွာကိုတော့ ကြုံတွေ့နေရမှာဖြစ်ပါတယ်။အမှားမလုပ်တတ်သော လူတစ်ယောက်ဟာ လူစင်စစ်မဖြစ်ဖူးဟုပင် သိပ္ပံပညာရှင်များဆိုထားခဲ့ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ ဖခင်တစ်ဦးဟာတော့ သားအရင်းဖြစ်သူကြောင့် အချုပ်ကျမလိုဖြစ်ခဲ့ရပါတယ်။

အလုပ်အားနေသော တစ်ရက်၌ ဖခင်ဖြစ်သူဟာ သားငယ်လေးကို ဇနီးသည်အစား ကျောင်းသို့သွားကြိုပေးခဲ့တာဖြစ်ပါတယ်။ကျောင်းဆင်းချိန်၌ သားဖြစ်သူကို ပျော်ရွင်ရင်းနှီးစွာဖြင့် အိမ်ပြန်ရန်ကြိုဆိုသော်လည်း သားဖြစ်သူက မသိသောလူတစ်ယောက်ကို မြင်တွေ့လိုက်သကဲ့သို့ အနားမလာဘဲ ကြောက်လန့်နေ့ခဲ့ပါတယ်။

ထိုအခါ ဆရာမကလည်း ကလေးခိုးယူထင်ပြီး ရဲတိုင်မည်လုပ်သောအခါ ဖခင်အရင်းဖြစ်ကြောင်း အတော်လေးရှင်းပြလိုက်ရပါတယ်။မိနစ်၂၀ခန့်ကြာသောအခါမှ သားဖြစ်သူ သူ၏ဖခင်ကိုမှတ်မိခဲ့ပြီး ပြေးဖက်ခဲ့တော့တာဟု သိရပါတယ်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*