ကမ်းခြေသို့ပျော်ပွဲစားထွက်ချိန်၌ ကမ်းခြေရှိလူတစ်ဦးကို အမှတ်တရ အုပ်စုဓာတ်ပုံရိုက်ပေးရန် တောင်းဆိုခဲ့သော်လည်း ရှေ့တွင်ရှိနေသော ခွေးပုံများကိုသာ ရိုက်ပေးခဲ့

ကမ်းခြေသို့ပျော်ပွဲစားထွက်ချိန်၌ ကမ်းခြေရှိလူတစ်ဦးကို အမှတ်တရ အုပ်စုဓာတ်ပုံရိုက်ပေးရန် တောင်းဆိုခဲ့သော်လည်း ရှေ့တွင်ရှိနေသော ခွေးပုံများကိုသာ ရိုက်ပေးခဲ့

စာဖတ်သူတို့အနေနှင့်ရော သူငယ်ချင်းများ မိတ်ဆွေအပေါင်းအသင်းများနှင့် အတူတူပျော်ရွင်စွာ ခရီးထွက်ခဲ့သည့်အချိန်မျိုး ကြုံတွေ့ဖူးကြပေလိမ့်မည်။ထိုအချိန်တွင် ရောက်ရှိသော နေရာနှင့် ခရီးထွက်သူများအားလုံးကို အမှတ်တရဖြစ့စေရန် အုပ်စုဖွဲ့ပြီး ဓာတ်ပုံရိုက်တတ်ကြပေသည်။

ထိုသို့ဓာတ်ပုံရိုက်ရာ၌ ခရီးထွက် လာသူအားလုံးဓာတ်ပုံတွင်ပါစေရန် အခြားမသိသော သူစိမ်းတစ်ဦးကို အကူအညီ တောင်းတတ်ကြသည်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ ကောင်မလေးများဟာ သူငယ်ချင်းများအားလုံးစုပြီး ကမ်းခြေသို့ ခရီးထွက်ခဲ့ပါတယ်။

ထိုနောက့် အမှတ်တရအနေဖြင့် အုပ်စုလိုက်ဓာတ်ပုံရိုက်ရန်အတွက် ကမ်းခြေရှိ အခြားလူတစ်ဦးကို အကူအညီတောင်းခဲ့ပါတယ်။

ထိုအခါ ဓာတ်ပုံရိုက်ပေးသူဟာ ကောင်မလေးတွေအုပ်စုကို ဓာတ်ပုံမရိုက်ဘဲ ကောင်မလေးအုပ်စုရှေ့တွင်ရှိသော ခွေးကလေး၏ ပုံများကိုသာ ဓာတ်ပုံရိုက်ပေးခဲ့ပြီး ထွက်သွားခဲ့ပါတယ်။ကောင်မလေးများဟာလည်း ဓာတ်ပုံအားကြည့်လိုက်သောအခါ တစ်ဖွဲ့လုံး ရယ်မောကျနေခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*