ကမ်းခြေမှာသောင်တင်နေတဲ့ ငါးကိုဘာကြောင့်ကယ်တင်ရတာလဲလို့ မေးလိုက်တဲ့အခါ ကောင်လေးရဲ့ဖြေကြားချက်ကြောင့် ထိတ်လန့်သွားခဲ့ရတဲ့ အမျိုးသား

ကမ်းခြေမှာသောင်တင်နေတဲ့ ငါးကိုဘာကြောင့်ကယ်တင်ရတာလဲလို့ မေးလိုက်တဲ့အခါ ကောင်လေးရဲ့ဖြေကြားချက်ကြောင့် ထိတ်လန့်သွားခဲ့ရတဲ့ အမျိုးသား

မုန်တိုင်းထန်တဲ့ညတစ်ညအပြီးမှာ လူတစ်ဦးဟာ ကမ်းခြေပေါ် လမ်းလျှောက်ဖို့ သွားခဲ့ပါတယ် ။ သူလမ်းလျှောက်နေစဉ် ကမ်းခြေပေါ်က မုန်တိုင်းတွေကြောင့် ရေတိမ်ပိုင်းမှာ ငါးတွေပြည့်နက်နေတာကို တွေ့ရှိပါတယ် ။ ပင်လယ်ရေနဲ့ အနည်းငယ်သာ ကွာဝေးသော်လည်း ငါးလေးတွေက ကမ်းခြေပြင်ပေါ်မှာ ပိတ်မိနေဆဲဖြစ်ပါတယ် ။ ပိတ်မိနေတဲ့ ငါးတွေက ထောင်ပေါင်းများစွာရှိပါတယ် ။ မကြာခင်မှာပဲ ရေတွေတဖြည်းဖြည်းခန်းခြောက်သွားတဲ့အခါ ငါးတွေဟာ အချိန်တိုအတွင်းမှာဘဲ သေဆုံးသွားနိုင်ပါတယ် ။ ဒါပေမဲ့ ထိုလူဟာ အပျော်အပါးကိုရှာမတွေ့သဖြင့် ကမ်းခြေကို ဆက်လျှောက်သွားနေခဲ့ပါတယ် ။ ထို့နောက် သူက ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့လက်နှစ်ဖက်နဲ့ တစ်ခုခုကိုင်ထားပြီး တဖြည်းဖြည်းလမ်းလျှောက်နေတာကို တွေ့ခဲ့ပါတယ် ။

ကောင်လေးဟာ သူ့လက်ထဲမှာ ကမ်းခြေပြင်ပေါ်က ငါးတွေကိုထည့်ပြီး ရေထဲမျောထည့်ရန် ဂရုတစိုက် ကိုင်ဆောင်ခဲ့ပါတယ် ။ ထို့နောက်ကောင်လေးဟာ ငါးများကို ဖြည်းဖြည်းချင်း ပင်လယ်ထဲသို့ လွှတ်လိုက်ပါတယ် ။ ထိုလူဟာ ရပ်ပြီး ငါးတွေကို ကယ်တင်နေတဲ့ကောင်လေးတစ်ယောက်ကို ကြည့်နေခဲ့ပါတယ် ။ နောက်ဆုံမှာ ထိုလူက အနေမသာလို့ ကောင်လေးဆီကို သွားပြီး “ သား၊ ဒီကန်ထဲမှာထောင်ချီတဲ့ငါးတွေရှိနေတာ သူတို့အားလုံးကို သား ကယ်တင်နိုင်မှာမဟုတ်ဘူး ” လို့ ပြောခဲ့ပါတယ် ။ “သားသိတယ်” ဆိုပြီး ကောင်လေးကဖြေလိုက်တယ် ။ “ အိုး.. ဒါဆို သားဘာလို့များ ငါးတွေကို ပင်လယ်ထဲ ပြန်လွှတ်ဖို့ ကြိုးစားနေရတာလဲ ။ ဘယ်သူက သူတို့ကို ဂရုစိုက်တာလဲ ”လို့ ကောင်လေးကို ထပ်မေးလိုက်ပါတယ် ။

“ ဒီငါးလေးကဂရုစိုက်တယ်!” လို့ ကောင်လေးကနောက်ထပ် ငါးတစ်ကောင်ကိုကောက်ယူပြီး ပင်လယ်ထဲပြန်လွှတ်လိုက်တာနဲ့ ” ဒီငါးကိုဂရုစိုက်ပြီး ဒီငါးကိုလည်းဂရုစိုက်ပါတယ်။ အဲ့ဒီအတိုင်းဘဲ.. ” လို့ ကောင်လေးက ပြန်ဖြေလိုက်ပါတယ် ။ ထိုကောင်လေးရဲ့ အဖြစ်အပျက်ဟာ သင့်ရဲ့ တည်ရှိမှုက သင်ကယ်တင်တဲ့လူတိုင်းကို ကယ်တင်ခြင်းရရှိပြီးနောက် ပိုမိုကောင်းမွန်ပျော်ရွှင်စွာလှပပြီး ကွဲပြားတဲ့ဘဝတွေကို ရှင်သန်စေလိမ့်မှာ ဖြစ်ပါတယ် ။ ဒီနေရာမှာ သင်တို့အားလုံးကြိုးစားအားထုတ်ကြိုးပမ်းကြရဲ့သားနဲ့ ကျရှုံးတဲ့အခါ အရှုံးမပေးဘဲ ဒီအဖြစ်ကို သတိရစေချင်ပါတယ် ။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*