ကမ်းခြေမှာတွေ့ခဲ့တဲ့ ဝေလငါးအန်ဖတ်ကို ဒေါ်လာ ၃.၂ သန်း နဲ့ ရောင်းချဖို့ကမ်းလှမ်းခံခဲ့ရတဲ့ တံငါသည်တစ်ဦး(ရုပ်သံ)

ထိုင်းနိုင်ငံရှိ Narit Suwansang အမည်ရှိတဲ့တံငါသည်တစ်ဦးဟာ ဒေသခံကမ်းခြေတစ်လျှောက်လမ်းလျှောက်နေစဉ် သူတိုက်မိခဲ့တဲ့ထုထည်ကြီးမားတဲ့ပစ္စည်းအတုံးအတစ်တွေကို ဒေါ်လာ ၃.၂ သန်း(သိန်းပေါင်း ၄သောင်း ၂ထောင်ကျော်)အထိ ၀င်ငွေရဖို့ မျှော်လင့်နေခဲ့ပါတယ်။

Suwansang ဟာ ပြီးခဲ့တဲ့အပတ်က Nakhon Si Thammarat ပြည်နယ်ကမ်းရိုးတန်းတစ်လျှောက်မှာ သူတွေ့ခဲ့တဲ့အရာက ငါးကြီးအန်ဖတ်ဖြစ်တယ်လို့ယုံကြည်နေခဲ့ပါတယ်။ကမ်းခြေရဲ့ရေတိမ်ပိုင်းမှာ ရှိနေခဲ့တဲ့ Suwansang က အဝါရောင်ကျောက်ခဲနဲ့တူတဲ့ အတုံးတွေကို ပထမဆုံးတွေ့တော့ ဘာလဲသိချင်လို့ အနီးကပ်သွားကြည့်ခဲ့ပြီး အသက် ၆၀ အရွယ်အထိ အဲ့လိုအရာမျိုးမတွေ့ခဲ့ဖူးတာကြောင့် အဆိုပါအပိုင်းအစတွေကို အိမ်သို့ယူပြန်သွားခဲ့ပါတယ်။

 

အဆိုပါလျှို့ဝှက်ဆန်းကြယ်တဲ့အတုံးတွေက လေးလံတဲ့အတွက်ကြောင့် မိသားစု၀င်ရဲ့အကူအညီပါ အနည်းငယ်ယူခဲ့ရပါတယ်။Suwansang နှင့်သူ့မိသားစုက အဆိုပါအတုံးအကြောင်းကို online မှာ ရှာဖွေလေ့လာခဲ့ပြီးနောက် တွေ့ရှိခဲ့တဲ့အရာက ငါးကြီးအန်ဖတ်လို့ ကောက်ချက်ချကြပြီး လူအများက အဆိုပါအန်ဖတ်ကို ” floating gold” လို့လည်း ဆိုထားကြပါတယ်။အဆိုပါ အတုံးတွေကို မီးနှင့်ထိတွေ့စေတဲ့အခါ အရောင်တောက်ပလာပြီး အရည်တွေမှ အနံ့ဆိုးထွက်ကြောင်း Suwansang က ဆိုထားပါတယ်။

အဆိုပါငါးကြီးအန်ဖတ် ဟာ ဝေလငါးရဲ့အူအတွင်းရှိ သည်းခြေပြွန်မှထုတ်ယူထားတဲ့ အလွန်အဖိုးတန်တဲ့ သဘာဝရတနာဖြစ်တယ် လို့ National Geographic မှဖော်ပြထားပါသေးတယ်။သူ့အား Phuket အမည်ရှိတဲ့စီးပွားရေးသမားတစ်ဦးက ထိုင်းဘတ်ငွေ ၉၆၀၀၀၀ (၄၃၈ သိန်း) ပေးမယ် လို့ ကမ်းလှမ်းခဲ့ပြီး ကျွမ်းကျင်ပညာရှင်တွေကလည်း ဝေလငါးအန်ဖတ်အဖြစ် အသိအမှတ်ပြုလက်မှတ်ရေးထိုးပေးမယ်လို့ ဆိုခဲ့ကြပါတယ်။

Suwansang ရဲ့ရှာဖွေတွေ့ရှိမှုက သမိုင်းမှာ အလေးချိန်အစီးဆုံးတွေ့ရှိမှုဖြစ်ပြီး ၁၀၀ ကီလိုဂရမ် (၂၂၀ ပေါင်) ရှိပါတယ်။အကယ်လို့ စာချုပ်ချုပ်ဆိုပါက သူ့အား ဒေါ်လာ ၃.၂ သန်း ဝန်းကျင်ပေးမယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး အကယ်လို့ အဆင့်နိမ့်ရင်တော့ တန်ဖိုးအတော်နည်းမယ်လို့ ဆိုထားကြပါတယ်။

လက်ရှိမှာတော့ Suwansang ဟာ သူ့ရဲ့” ဝေလငါးအန်ဖတ် ” ကို ခွဲခြမ်းစိတ်ဖြာပေးတဲ့ အဏ္ဏဝါဇီဝဗေဒပညာရှင်များထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းနေပြီး တစ်ချိန်တည်းမှာပဲ သူ့ရှာဖွေတွေ့ရှိမှုက ကိစ္စတစ်ခုခုကြောင့် ခိုးယူခံခဲ့ရရင် ရဲတွေဆီ တိုင်ကြားဖို့ အသင့်ပြင်ထားတယ်လို့လည်း ဆိုထားပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*