
ကမ္ဘာ့အပျင်းဆုံးလူတွေအတွက် ပွဲကျင်းပပေးခဲ့တဲ့ နိုင်ငံ
ကိုလံဘီယာနိုင်ငံ ၊ Itagui မြို့ရဲ့ နေ့ခင်းလေးကတော့ အတော်လေးကို တိတ်ဆိတ်နေကြတာပါ ။ အကြောင်းကတော့ လူတွေဟာ လမ်းမပေါ်မှာ ကုတင်တွေထားရှိပြီး စောင်တွေ ၊ အခင်းတွေ ၊ ခေါင်းအုံးတွေနဲ့ တစ်ကယ့် ကိုယ့်ရဲ့နေအိမ်လို အိပ်စက်ပြီး အနားယူနေကြလို့ပါပဲ ။ အဆိုပါ အပျင်းဆုံးလူတွေအတွက် ပွဲကို 1985 ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ကြပြီး ၊ အလုပ်ဒဏ်ကြောင့် လူပင်ပန်း ၊ စိတ်ပင်ပန်းနေကြသူတွေကို အားပေးလိုတဲ့သဘောမျိုး နဲ့ အဆိုပါပွဲကို ကျင်းပခဲ့ကြတာပါ ။
အလုပ်ရဲ့ဖိအားအရမ်းများလွန်းလို့ အချို့ဆိုရင် စိတ်ရောဂါရပြီး ၊ အသက်သေစေနိုင်လောက်တဲ့အဖြစ်မျိုးထိ ကြုံတွေ့တတ်ကြပါတယ် ။ အခုလိုပွဲကျင်းပခြင်းဖြင့် လုပ်ငန်းများအနေနဲ့ ဝန်ထမ်းတွေကို အားလပ်ချိန်ပိုတိုးပေးပြီး ၊ စိတ်အေးလက်အေး နေထိုင်ခွင့်ရစေလို၍ဖြစ်ကြောင်း သိရပါတယ် ။
အဆိုပါပွဲမှာတော့ လူတွေဟာ ညအိပ်ဝတ်စုံတွေနဲ့ လမ်းပေါ်မှာ လဲလျောင်းကာ အိပ်စက်နေကြပြီး ၊ ဂီတဖျော်ဖြေပွဲ ၊ ဓာတ်ပုံပြိုင်ပွဲ ၊ ပန်းချီပွဲ နှင့် ပြဇာတ် တွေလည်း ပါရှိသေးကြောင်း သိရှိရပါတယ် ။ အလုပ်ရဲ့ဖိအားတွေဟာ လူတွေရဲ့ အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပြီး ၊ အထူးသဖြင့် နှလုံးရောဂါအခံရှိနေသူတို့အတွက် ပိုဆိုးရွားစေနိုင်ပါတယ် ။ ဒါကြောင့် တစ်နေ့တာ အပျင်းဆုံးနေ့လေးလည်း ရှိသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲကျင်းပခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။
Zawgyi
ကမာၻ႔အပ်င္းဆုံးလူေတြအတြက္ ပြဲက်င္းပေပးခဲ့တဲ့ ႏိုင္ငံ
ကိုလံဘီယာႏိုင္ငံ ၊ Itagui ၿမိဳ႕ရဲ႕ ေန႔ခင္းေလးကေတာ့ အေတာ္ေလးကို တိတ္ဆိတ္ေနၾကတာပါ ။ အေၾကာင္းကေတာ့ လူေတြဟာ လမ္းမေပၚမွာ ကုတင္ေတြထားရွိၿပီး ေစာင္ေတြ ၊ အခင္းေတြ ၊ ေခါင္းအုံးေတြနဲ႔ တစ္ကယ့္ ကိုယ့္ရဲ႕ေနအိမ္လို အိပ္စက္ၿပီး အနားယူေနၾကလို႔ပါပဲ ။ အဆိုပါ အပ်င္းဆုံးလူေတြအတြက္ ပြဲကို 1985 ခုႏွစ္ကတည္းက စတင္က်င္းပခဲ့ၾကၿပီး ၊ အလုပ္ဒဏ္ေၾကာင့္ လူပင္ပန္း ၊ စိတ္ပင္ပန္းေနၾကသူေတြကို အားေပးလိုတဲ့သေဘာမ်ိဳး နဲ႔ အဆိုပါပြဲကို က်င္းပခဲ့ၾကတာပါ ။
အလုပ္ရဲ႕ဖိအားအရမ္းမ်ားလြန္းလို႔ အခ်ိဳ႕ဆိုရင္ စိတ္ေရာဂါရၿပီး ၊ အသက္ေသေစႏိုင္ေလာက္တဲ့အျဖစ္မ်ိဳးထိ ႀကဳံေတြ႕တတ္ၾကပါတယ္ ။ အခုလိုပြဲက်င္းပျခင္းျဖင့္ လုပ္ငန္းမ်ားအေနနဲ႔ ဝန္ထမ္းေတြကို အားလပ္ခ်ိန္ပိုတိုးေပးၿပီး ၊ စိတ္ေအးလက္ေအး ေနထိုင္ခြင့္ရေစလို၍ျဖစ္ေၾကာင္း သိရပါတယ္ ။
အဆိုပါပြဲမွာေတာ့ လူေတြဟာ ညအိပ္ဝတ္စုံေတြနဲ႔ လမ္းေပၚမွာ လဲေလ်ာင္းကာ အိပ္စက္ေနၾကၿပီး ၊ ဂီတေဖ်ာ္ေျဖပြဲ ၊ ဓာတ္ပုံၿပိဳင္ပြဲ ၊ ပန္းခ်ီပြဲ ႏွင့္ ျပဇာတ္ ေတြလည္း ပါရွိေသးေၾကာင္း သိရွိရပါတယ္ ။ အလုပ္ရဲ႕ဖိအားေတြဟာ လူေတြရဲ႕ အသက္ဆုံးရႈံးတဲ့အထိျဖစ္ေစႏိုင္ၿပီး ၊ အထူးသျဖင့္ ႏွလုံးေရာဂါအခံရွိေနသူတို႔အတြက္ ပိုဆိုး႐ြားေစႏိုင္ပါတယ္ ။ ဒါေၾကာင့္ တစ္ေန႔တာ အပ်င္းဆုံးေန႔ေလးလည္း ရွိသင့္တယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ပြဲက်င္းပခဲ့ၾကတာျဖစ္ေၾကာင္း သိရွိရပါတယ္ ။
Leave a Reply