ကမ္ဘာ့အစပ်ဆုံး ခေါက်ဆွဲစားမိလို့ အကြားအာရုံ ဆုံးရှုံးသွားရသူ

ဘန်တန်းလို့ အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ထူးခြားတဲ့ အစားအစာတွေကို မြည်စမ်းစားပြတဲ့ ဗီဒီယိုတွေရိုက်ကူးပြီး Youtube မှာ တင်လေ့ ရှိသူတစ်ဦးပါ ။

သူဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို.က Warung Abang Adek စားသောက်ဆိုင်မှာ ရောင်းချနေတဲ့ ကမ္ဘာ့အစပ်ဆုံးသော ခေါက်ဆွဲကို စားသောက်ပြခဲ့ပါတယ် ။ ဒီခေါက်ဆွဲဟာ အလွန်စပ်ပြီး သေလောက်အောင် စပ်တယ်လို့ ဆိုကြတဲ့ ခေါက်ဆွဲဖြစ်ပြီး ခေါက်ဆွဲတစ်ပွဲမှာ ငရုတ်သီးထောင့် အနည်းဆုံး ၁၀၀ လောက် ပါဝင်တယ်လို့ သိရပါတယ်။

ကမ္ဘာ့အစပ်ဆုံး ခေါက်ဆွဲလို့ သူက ညွှန်းဆိုပြောကြား သွားပြီး သူက ခေါက်ဆွဲစားနေရင်း အစပ်လွန်ကာ ဘာသံမှ မကြားရတော့ဘူးလို့ ဆိုပါတယ်။ ဒါဟာ အမှန်ပဲလား သူ့အနေနဲ့ ပိုပိုသာသာ ပြောတာလား ဆိုတာကတော့ မသေချာပါဘူး ။  သေချာတာကတော့ သူ့ရဲ. အသံဆုံးရှုံးမှုဟာ ခေတ္တခဏသာ ဖြစ်ပြီး လုံးဝဆုံးရှုံးသွားတာမျိုးတော့ မဟုတ်ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*