ကမ္ဘာ့အကြီးမားဆုံး အစားအစာထဲတွင် ပါဝင်သော ဆွဲဆောင်မှုရှိဆုံးဖြစ်သည့် ဗီယက်နမ်နိုင်ငံက ဧရာမပေါင်မုန့်ကြီး
ဖောက်သည်များအတွက် အမြင်ဆန်းဆန်းလေးနှင့် စိတ်ဝင်စားမှုရှိအောင် စွမ်းဆောင်ရသည်မှာ ဈေးသည်များဧ။် တာဝန်ဖြစ်ပေသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ အန်ဂျန်ပြည်နယ်တွင် နေထိုင်သော မိသားစုတစ်စုမှ တီထွင်ဖန်တီးလိုက်သော ဧရာမပေါင်မုန့်ကြီးသည် လူအများကြား အံ့အားသင့်စေပြီး ရေပန်းစားနေသည်။
ထို ဧရာမပေါင်မုန့်ကြီးသည် ဗီယက်နမ်နိုင်ငံတွင် လူကြိုက်များဆုံး ဖြစ်နေခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံးသော အစားအစားများထဲမှလည်း တစ်ခုအပါအဝင် ဖြစ်သည်။ဝယ်သူဖောက်သည်များသည် ဧရာမပေါင်မုန့်ကြီးနှင့်အတူ ဓာတ်ပုံများတွဲရိုက်ကြပြီး အွန်လိုင်းမီဒီယာတွင် မျှဝေခဲ့၍ ဗီယက်နမ်နိုင်ငံဧ။် ပေါင်မုန့်ဆိုပြီး ပိုမိုလူသိများလာခဲ့သည်။
ဧရာမပေါင်မုန့်ကြီးသည် ၁မီတာ အရှည်ရှိပြီး အလေးချိန်အားဖြင့် ၃ကီလိုဂရမ် နီးပါးရှိ၍ တစ်ခုလျှင် ဒေါ်လာ ၂.၁၄ ကုန်ကျသည်။ပေါင်မုန့်ကြီးအား ကမ္ဘာလှည့် ခရီးသွားများကပင် မျက်စိကျကာ အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူလျက်ရှိသည်ဟု သိရသည်။
Zawgyi
Leave a Reply