
ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီးတွေကို စိုက်ပျိုးထားပြီး အစောင့်အရှောက်တွေပါငှါးရမ်းထားတဲ့ ခြံပိုင်ရှင်
အိန္နိယနိုင်ငံမှာနေထိုင်တဲ့စုံတွဲဟာ ကမ္ဘာ့ဈေးအကြီးဆုံးသရက်သီးပင်တွေကို စိုက်ပျိုးထားပြီး အဆိုပါသရက်ပင်တွေရဲ့တန်ဖိုးဟာ ယူပီ 270,000 ခန့်ရှိကြောင်း သိရှိရပါတယ် ။ ဖြစ်စဉ်ကတော့ ခြံပိုင်ရှင်ဟာ ပြီးခဲ့တဲ့ 4 နှစ်ခန့်က အုန်းသီးမျိုးစေ့ဝယ်ယူဖို့ Chennai မြို့သို့ခရီးထွက်ခဲ့ပါတယ် ။ ထိုအချိန်မှာပဲ ရထားပေါ်ကနေလူတစ်ဦးက သူ့ထံ သရက်ပျိုးပင်ကို Rs 2,500 နဲ့ ရောင်းချပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ် ။ ခြံပိုင်ရှင်ကလည်း အဆိုပါသရက်ပျိုးပင်ကို ဝယ်ယူပြီး ၊ စိုက်ပျိုးခဲ့ရာ လအနည်းငယ်အကြာမှာတော့ သရက်သီးတွေဟာ သာမာန်သရက်သီးတွေနဲ့ မတူမှန်း သတိထားမိခဲ့ပါတယ် ။ အကြောင်းကတော့ သရက်သီးတွေရဲ့ အပြင်အရောင်က လှပပြီးအနီရောင်သန်းနေခဲ့လို့ပါပဲ ။
ခြံပိုင်ရှင်ကတော့ ‘ ကျွန်တော်သရက်သီးရဲ့အမျိုးအစားကိုတော့ မသိရပေမဲ့ ကျွန်တော့်ရဲ့အမေနဲ့အတူတူစိုက်ထားတာမို့ ကျွန်တော် Damini လို့ အမည်ပေးထားပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။
အဆိုပါ သရက်သီးတွေရဲ့ မူရင်ဟာ ဂျပန်နိုင်ငံမှဖြစ်ပြီး ၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး သရက်သီးတွေလို့ သတ်မှတ်ခံထားရတာပါ ။ ပြီးခဲ့တဲ့နှစ်က ၎င်းတို့ခြံမှ သရက်သီး 14 လုံး အခိုးခံခဲ့ရလို့ ခြံပိုင်ရှင်က လုံခြုံရေးဝန်ထမ်း 3 ဦး ငှါးရမ်းထားပြီး ၊ ခွေး 9 ကောင် နဲ့ ရှားပါးသရက်ပင်တွေကို ကာကွယ်ထားကြောင်း သိရပါတယ် ။
Zawgyi
ကမာၻ႔ေဈးအႀကီးဆုံး သရက္သီးေတြကို စိုက္ပ်ိဳးထားၿပီး အေစာင့္အေရွာက္ေတြပါငွါးရမ္းထားတဲ့ ၿခံပိုင္ရွင္
အိနၷိယႏိုင္ငံမွာေနထိုင္တဲ့စံုတြဲဟာ ကမာၻ့ေစ်းအႀကီးဆံုးသရက္သီးပင္ေတြကို စိုက္ပ်ိဳးထားၿပီး အဆိုပါသရက္ပင္ေတြရဲ႕တန္ဖိုးဟာ ယူပီ 270,000 ခန္႔႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ျဖစ္စဥ္ကေတာ့ ျခံပိုင္႐ွင္ဟာ ၿပီးခဲ့တဲ့ 4 ႏွစ္ခန္႔က အုန္းသီးမ်ိဳးေစ့ဝယ္ယူဖို႔ Chennai ၿမိဳ႕သို႔ခရီးထြက္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာပဲ ရထားေပၚကေနလူတစ္ဦးက သူ႔ထံ သရက္ပ်ိဳးပင္ကို Rs 2,500 နဲ႔ ေရာင္းခ်ေပးမယ္ဆိုၿပီး ကမ္းလွမ္းခဲ့ပါတယ္ ။ ျခံပိုင္႐ွင္ကလည္း အဆိုပါသရက္ပ်ိဳးပင္ကို ဝယ္ယူၿပီး ၊ စိုက္ပ်ိဳးခဲ့ရာ လအနည္းငယ္အၾကာမွာေတာ့ သရက္သီးေတြဟာ သာမာန္သရက္သီးေတြနဲ႔ မတူမွန္း သတိထားမိခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ သရက္သီးေတြရဲ႕ အျပင္အေရာင္က လွပၿပီးအနီေရာင္သန္းေနခဲ့လို႔ပါပဲ ။
ျခံပိုင္႐ွင္ကေတာ့ ‘ ကြၽန္ေတာ္သရက္သီးရဲ႕အမ်ိဳးအစားကိုေတာ့ မသိရေပမဲ့ ကြၽန္ေတာ့္ရဲ႕အေမနဲ႔အတူတူစိုက္ထားတာမို႔ ကြၽန္ေတာ္ Damini လို႔ အမည္ေပးထားပါတယ္ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။
အဆိုပါ သရက္သီးေတြရဲ႕ မူရင္ဟာ ဂ်ပန္ႏိုင္ငံမွျဖစ္ၿပီး ၊ ကမာၻေပၚမွာ ေစ်းအႀကီးဆံုး သရက္သီးေတြလို႔ သတ္မွတ္ခံထားရတာပါ ။ ၿပီးခဲ့တဲ့ႏွစ္က ၎တို႔ျခံမွ သရက္သီး 14 လံုး အခိုးခံခဲ့ရလို႔ ျခံပိုင္႐ွင္က လံုျခံဳေရးဝန္ထမ္း 3 ဦး ငွါးရမ္းထားၿပီး ၊ ေခြး 9 ေကာင္ နဲ႔ ႐ွားပါးသရက္ပင္ေတြကို ကာကြယ္ထားေၾကာင္း သိရပါတယ္ ။
Leave a Reply