ကမ္ဘာပေါ်မှာ လေးစားစရာ အကောင်းဆုံး သို့မဟုတ် အချစ်တက်ဆုံး ချစ်သူမိန်းကလေးများလား

တရုတ်နိုင်ငံမှာ ယခုရက်ထဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ရှိနေပြီး ယန်စီမြစ်ကြောင်းတစ်လျှောက်မှာတော့ အဆိုးဆုံးလို့ ဆိုရမှာပါ။

အခုလို ရေကြီးနေချိန်မှာ မိန်းကလေးတစ်ယောက်က သူမရဲ. ချစ်သူဖြစ်တဲ့ အမျိုးသားလေးကို ကုန်းပိုးပြီး ရေကြီးတဲ့နေရာတွေကို ဖြတ်ကျော်နေတဲ့ ဓါတ်ပုံတွေ တရုတ်လူမှုကွန်ရက်တွေမှာ ပြန့်နှံနေပါတယ် ။

CCTV News ရဲ. သတင်းဖော်ပြချက်အရ ဒီဓါတ်ပုံဟာ ဝူဟန်မြို.က ဓါတ်ပုံဖြစ်ပြီး ၊ ကောင်မလေးဟာ သူမရည်းစားရဲ. သားရေဖိနပ် ရေစိုပျက်ဆီးမှာ စိုးလို့ အခုလို ကုန်းပိုးသွားတာလို့ သတင်းကို ပြောပါတယ်။ အခုလို ဖြေနေချိန်မှာ ကောင်လေးကတော့ ရှက်ပြီးပြုံးနေခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ၊ တရုတ်လူမှုကွန်ရက်တွေမှာတော့ ဝေဖန်သံတွေ ၊ ချီးကျူးသံတွေ ညံနေခဲ့ပါတယ် ။ အချို.ကလည်း ကောင်မလေးရဲ. ချစ်တက်ပုံကို ချီးကျူးနေသလို ၊ အချို.ကတော့ ကောင်လေးကို ဝေဖန်နေကြပါတယ် ။ သင်ရော ဘယ်လိုထင်ပါသလည်း ?

 

Be the first to comment

Leave a Reply

Your email address will not be published.


*