
ကမ္ဘာပေါ်တွင် အဝဆုံးသောစုံတွဲဟုသတ်မှတ်ရမည့် ဇနီးမောင်နှံတို့ဟာ အနာဂတ်၏ရင်သွေးရတနာလေးရယူနိုင်ရန် နှစ်ယောက်အတူတူကြိုးစားပြီး ဝိတ်လျော့နိုင်ခဲ့
ခန္ဓာကိုယ်ပိန်ခြင်းဝခြင်းတို့သည် လူ့လောကသဘာဝနှင့် သက်ဆိုင်မှုမရှိဘဲ ပျော်ရွင်စိတ်ချမ်းသာသည်သာ အဓိကကျသော အချက်ဖြစ်ပေသည်။ယခုတွင်လည်း တရုတ်နိုင်ငံ Lam Nguyetနှင့် Dang Duongတို့ဇနီးမောင်နှံနှစ်ဦးဟာ စိတ်တူကိုယ်တူဖြင့် ဘဝကိုပျော်ရွင်စွာဖြတ်သန်းနေကြတာဖြစ်ပါတယ်။
သူတို့စုံတွဲနှစ်ဦးဟာ အစပိုင်းတွင် အဝလွန်နေခဲ့သော်လည်း ဝိတ်လျော့ဖို့ စိတ်မကူးဘဲ စားချင်တာစားပြီး ပျော်နေခဲ့ကြတာဖြစ်ပါတယ်။သို့သော်လည်း နှစ်ဖက်မိဘများက မြေးလိုချင်ကြောင်း အတင်းအကြပ်ပြောလာခဲ့သောအခါတွင် ဆရာဝန်နှင့် သေချာစွာတိုင်ပင်ပြီး ဝိတ်လျော့ဖို့ ကြိုးစားခဲ့ရပါတယ်။
ထို့နောက် စုံတွဲနှစ်ဦးဟာ လေ့ကျင့်ခန်းများကို သေချာစွာလုပ်ဆောင်ခဲ့ပြီး အစားအသောက်များကိုဆင်ခြင်ပြီး ဝိတ်လျော့နိုင်ခဲ့ကာ ရင်သွေးလေးရရှိနိုင်ခဲ့သည်ဟုသိရပါတယ်။
Zawgyi
Leave a Reply