
ကမ္ဘာပေါ်တွင် ကိုယ်ဝန်ဆောင်စဥ် အမွှာပူးအများဆုံးဖြစ်သည့်ကလေးရှစ်မွှားပူးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည့် အံ့ဖွယ်အမျိုးသမီး
လူတိုင်းဟာ အချစ်ဆုံးသော ချစ်သူလေးနှင့်အတူ သားသားမီးမီးလေးတွေမွေးဖွားပြီး သာယာသော အိမ်ထောင်စုလေးကို ဖန်းတီးလိုကြပေသည်။ထိုသို့သားသားမီးမီး မွေးဖွားရာတွင် အချို့ရာ အမွှာပူးလေးများ မွေးဖွားတတ်ပြီး အားကျစရာသားသမီးလေးကို ပိုင်ဆိုင်နိုင်ကြသည်။
ယခုတွင်လည်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသမီးသည် ကလေးရှစ်မွှာပူး အထိပင် ကိုယ်ဝန်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်စဥ် အချိန်တည်းကပင် လူအများ၏ စိတ်ဝင်စားမှုကို အထူးရရှိခဲ့ကြသည်။
ထို့အပြင် အခြားသူများသည်လည်း အမျိုးသမီး၏ ကျန်မားရေးကို စိုးရိမ်ပူပန်ခဲ့ကြပေသည်။
သို့သော်လည်း အမျိုးသမီးဟာ ဆရာဝန်များနှင့် သေချာစွာပြသပြီး ယခုအခါတွင် ရှစ်မွှာပူးကလေးလေးတွေကို မွေးဖွားနိုင်ခဲ့ပြီလို့ သိရပါတယ်။
Zawgyi
Leave a Reply