
ကမ္ဘာတစ်ဝန်းကလူတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဗီယက်နမ်နိုင်ငံက ဧရာမပေါင်မုန့်ကြီးများ (ရုပ်သံ)
ဗီယက်နမ်နိုင်ငံ An Giang ပြည်နယ်မှာရှိတဲ့ ဧရာမပေါင်မုန့်ကြီးတွေဟာ ကမ္ဘာအနှံ့ကလူတွေကို ဆွဲဆောင်နေလျက်ရှိပါတယ် ။ အဖြစ်အပျက်ကတော့ 2018 ခုနှစ်ကစတင်ခဲ့တာပါ ။ အကြောင်းကတော့ website တစ်ခုက ကမ္ဘာတစ်ဝန်းက အထူးဆန်းဆုံးသော အစားအစာတွေကို ဖော်ပြရင်း ဗီယက်နမ်နိုင်ငံက ဧရာမပေါင်မုန့်ကြီးတွေလည်း ပါဝင်ခဲ့တာပါ ။
မုန့်ဖုတ်တဲ့ အမျိုးသမီးရဲ့ ပြောပြချက်အရ အစပိုင်းမှာ သူမဟာအပျော်သဘောအနေနဲ့ အားလပ်ချိန်မှာ အဆိုပါ ဧရာမပေါင်မုန့်ကြီးကို ဖုတ်ခဲ့တာပါ ။ ထို့နောက် လူတွေက အဆိုပါဧရာမပေါင်မုန့်ကြီးတွေကို တောင်းဝယ်ကြရင်းနဲ့ အခုလို ရောင်းချနိုင်နေခဲ့တာပါ ။ ဒါ့အပြင် နိုင်ငံခြားသားခရီးသွားတွေကလည်း အဆိုပါ ပေါင်မုန့်ကို အမှတ်တရလက်ဆောင်ပစ္စည်းတွေအနေနဲ့ ဝယ်ယူကြပြီး ဓာတ်ပုံတွေရိုက်ကူးလေ့ရှိကာ Instagram ပေါ်မှာ ဝေမျှလေ့ရှိတာကြောင့် အခုလို နာမည်ရလာခဲ့တာဖြစ်ကြောင်း သိရပါတယ် ။
ပေါင်မုန့်ရဲ့အရှည်ဟာ 1 မီတာခန့်ရှိပြီး ၊ အလေးချိန်မှာ 3kg ခန့်ရှိကာ အိတ်အကြီးတွေနဲ့ထည့်ပြီး ရောင်းချပေးနေရတာပါ ။ ပေါင်မုန့်ကို တစ်ခုလျှင် $2.14 ဖြင့်ရောင်းချလေ့ရှိပါတယ် ။ ပေါင်မုန့်ရဲ့အရသာ ထူးကဲအောင် ပေါင်မုန့်ရဲ့အပေါ်လွှာကို ထောပတ်သုတ်ပြီး နှမ်းစေ့လေးတွေပါ ဖြူးပေးလေ့ရှိကြောင်း သိရပါတယ် ။
Zawgyi
ဗီယက္နမ္ႏိုင္ငံ An Giang ျပည္နယ္မွာ႐ွိတဲ့ ဧရာမေပါင္မုန္႔ႀကီးေတြဟာ ကမာၻအႏွံ႔ကလူေတြကို ဆြဲေဆာင္ေနလ်က္႐ွိပါတယ္ ။ အျဖစ္အပ်က္ကေတာ့ 2018 ခုႏွစ္ကစတင္ခဲ့တာပါ ။ အေၾကာင္းကေတာ့ website တစ္ခုက ကမာၻတစ္ဝန္းက အထူးဆန္းဆံုးေသာ အစားအစာေတြကို ေဖာ္ျပရင္း ဗီယက္နမ္ႏိုင္ငံက ဧရာမေပါင္မုန္႔ႀကီးေတြလည္း ပါဝင္ခဲ့တာပါ ။
မုန္႔ဖုတ္တဲ့ အမ်ိဳးသမီးရဲ႕ ေျပာျပခ်က္အရ အစပိုင္းမွာ သူမဟာအေပ်ာ္သေဘာအေနနဲ႔ အားလပ္ခ်ိန္မွာ အဆိုပါ ဧရာမေပါင္မုန္႔ႀကီးကို ဖုတ္ခဲ့တာပါ ။ ထို႔ေနာက္ လူေတြက အဆိုပါဧရာမေပါင္မုန္႔ႀကီးေတြကို ေတာင္းဝယ္ၾကရင္းနဲ႔ အခုလို ေရာင္းခ်ႏိုင္ေနခဲ့တာပါ ။ ဒါ့အျပင္ ႏိုင္ငံျခားသားခရီးသြားေတြကလည္း အဆိုပါ ေပါင္မုန္႔ကို အမွတ္တရလက္ေဆာင္ပစၥည္းေတြအေနနဲ႔ ဝယ္ယူၾကၿပီး ဓာတ္ပံုေတြ႐ိုက္ကူးေလ့႐ွိကာ Instagram ေပၚမွာ ေဝမ်ွေလ့႐ွိတာေၾကာင့္ အခုလို နာမည္ရလာခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ ။
ေပါင္မုန္႔ရဲ႕အ႐ွည္ဟာ 1 မီတာခန္႔႐ွိၿပီး ၊ အေလးခ်ိန္မွာ 3kg ခန္႔႐ွိကာ အိတ္အႀကီးေတြနဲ႔ထည့္ၿပီး ေရာင္းခ်ေပးေနရတာပါ ။ ေပါင္မုန္႔ကို တစ္ခုလ်ွင္ $2.14 ျဖင့္ေရာင္းခ်ေလ့႐ွိပါတယ္ ။ ေပါင္မုန္႔ရဲ႕အရသာ ထူးကဲေအာင္ ေပါင္မုန္႔ရဲ႕အေပၚလႊာကို ေထာပတ္သုတ္ၿပီး ႏွမ္းေစ့ေလးေတြပါ ျဖဴးေပးေလ့႐ွိေၾကာင္း သိရပါတယ္ ။
Leave a Reply