ကတိပေးထားတဲ့အတိုင်း ဖြစ်မလာဘဲ ဖခင်ဆီကနေ ဂျင်းထဲခံလိုက်ရတဲ့အကြောင်းကို ပြောပြခဲ့တဲ့ အမျိုးသား

ကတိပေးထားတဲ့အတိုင်း ဖြစ်မလာဘဲ ဖခင်ဆီကနေ ဂျင်းထဲခံလိုက်ရတဲ့အကြောင်းကို ပြောပြခဲ့တဲ့ အမျိုးသား

ဇန်နဝါရီလ ၂၃ရက်နေ့က မလေးရှားနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ UTAR Confessionsဆိုတဲ့ Facebook page မှာ ပေးထားတဲ့ကတိကို ချိုးဖောက်ခဲ့တဲ့သူ့ရဲ့ဖခင်အကြောင်းကို ဖော်ပြခဲ့ပါတယ်။အဆိုပါဝန်ခံသူရဲ့ဖခင်ဟာ လွန်ခဲ့တဲ့လအနည်းငယ်အကြာလောက်က သူ့ကို Honda Civic ဝယ်ပေးဖို့ ကတိပေးခဲ့ပေမဲ့ ၎င်းကားအစား သူ့ဖခင်က သူ့ကို Perodua Myvi ကားတစ်စီးဝယ်ပေးခဲ့ပါတယ်။အဲ့ဒီနေ့မနက်မှာ မနက်စာစားနေတုန်း အမေဖြစ်သူက သူ့ကားအသစ်ရောက်လာပြီးလို့ ပြောလိုက်တော့ သူဟာ စိတ်လှုပ်ရှားစွာနဲ့ ထွက်ကြည့်ခဲ့ပါတယ်။သို့ပေမဲ့ သူဟာ Myvi တစ်စီးကို တွေ့လိုက်တော့ စိတ်ပျက်သွားခဲ့ပါတယ်။ထို့နောက် အဖေဖြစ်သူနဲ့ထိပ်တိုက်တွေ့တဲ့အခါ အဖေဖြစ်သူက ရယ်မောလိုက်ပါတယ်။သူဟာ ကိုယ်မလိုချင်တဲ့ကားကို မြင်နေရတာတော့ ဒေါတကြီးနဲ့ သူ့အခန်းထဲသို့ ဝင်သွားခဲ့ပါတယ်။

ဓာတ်ပုံရိုက်ချင်နေတဲ့အရောင်းစာရေးနှစ်ယောက်ကလည်း ထိတ်လန့်နေတာကြောင့် တိတ်တဆိတ်ထွက်သွားခဲ့ကြပါတယ်။သားဖြစ်သူက ဒေါသထွက်နေပေမဲ့ အဖေဖြစ်သူကတော့ စိတ်မဆိုးဘဲ ဆက်ပြုံးနေခဲ့ပါတယ်။အဆိုပါဝန်ခံသူက သူ့ရဲ့အဖေက စိတ်သဘောထားပြည့်ဝပြီး အစအနောက်သန်ကြောင်း ပြောပြခဲ့ပါတယ်။

“ အိမ်က ပိုက်ဆံမရှိတာလည်းမဟုတ်ဘူး ၊ အဖေက Myvi ကားကိုတော့ ပိုက်ဆံအပြည့်ရှင်းပြီးဝယ်ပေးတယ် ၊ ထောင်ဂဏာန်းသာ ကွာတဲ့ Civic ကိုတော့ မဝယ်ပေးဘူး ၊ သူကိုယ်တိုင်တော့ RM300k ထက်ပိုတဲ့ Volvo ကားကို စီးနေတယ်” လို့ အဆိုပါအမျိုးသားက ဆိုပါတယ်။

အဆိုပါဝန်ခံသူက ဘော်ဒါတွေအားလုံးက BMW နှင့် Volkswagen ကားတို့ကို မောင်းနေကြတဲ့အချိန် သူကတော့ Myvi ကားကို မောင်းနေရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို မှန်းကြည့်ဖို့ အဖေဖြစ်သူကို မေးမြန်းခဲ့ပါသေးတယ်။အဆိုပါအမျိုးသားက သူ့ရဲ့first semester စာမေးပွဲကို အမှတ်ကောင်းကောင်းနဲ့ဖြေဆိုပြီး ဖခင်ဖြစ်သူရဲ့ကုမ္ပဏီမှာလည်း စာရင်းကိုင်အဖြစ် ဝင်ရောက်ကူညီပေးခဲ့ပြီးနောက် သူ့အား အဖေဖြစ်သူက Honda Civic ကားဝယ်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ၎င်းကားကိစ္စအပြီးမှာ အဖေဖြစ်သူနဲ့ တစ်ပတ်လုံးလုံး စကားမပြောဘဲ အသံတိတ်နည်းနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။အဖေဖြစ်သူက သူ့အကြိုက်ဆုံးအစားအစာတွေကို နေ့တိုင်းဝယ်ကျွေးသလို စာပို့ပြီးပြန်ချော့နေခဲ့လို့ နောက်ဆုံးမှာ သူဟာ စိတ်ဆိုးပြေသွားခဲ့ရပါတယ်။

အဆိုပါအမျိုးသားက “ အမေနဲ့ ကျွန်တော် အပြင်သွားတော့မဲ့အချိန်တိုင်း ကျွန်တော့်အမေက Myvi ကားက စီးလို့ကောင်းတယ်လို့ ချီးမွမ်းနေခဲ့တယ် ၊ ကျွန်တော်လည်း စိတ်မကြည်သေးလို့ အမေ့ကို အဲ့အကြောင်းမပြောဖို့ အမြဲပြောနေရတယ်” လို့ ဆိုပါတယ်။သူဟာ ထိုကဲ့သို့သော အဖေရှိခြင်းက သူ့အတွက် အကြပ်အတင်းဖြစ်စေကြောင်း“ အဖေ အသက်ကြီးလာတဲ့အချိန်ကျ့ရင် ကျွန်တော်ကဘဲ သူ့ကို ဂရုစိုက်စောင့်ရှောက်ရမှာကို အခုအချိန်မှာ အဖေက ဘယ်လို ကျွန်တော့်အပေါ်ကို မကောင်းရတာလဲ” လို့ဆိုပြီး သူ့ရဲ့စာကိုအဆုံးသတ်ခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*