
ကစားစရာငါးမျှားတံလေးနဲ့ ငါးကြီးတစ်ကောင်ကို ဖမ်းပြခဲ့တဲ့ သားဖြစ်သူကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဖခင်
ငါးမျှားကြတဲ့သူတိုင်းက စိတ်ရှည်မှု ၊ ကျွမ်းကျင်မှု နဲ့ ကံကောင်းမှု တို့လိုအပ်တယ်ဆိုတာကို သိပြီးသားဖြစ်ကြမှာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံက ကလေးကတော့ ကစားစရာငါးမျှားတံနဲ့ ငါးဖမ်ပြလိုက်လို့ ကံကောင်းမှုက ပိုလိုအပ်တယ်လို့ ပြောရမှာပါပဲ ။
ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ Faizal Adha Sa’aet အမည်ရှိတဲ့ အမျိုးသားက သားဖြစ်သူဟာ ငါးမျှားချင်ကြောင်း သူ့အားတစ်ညလုံး ၊ မိုးလင်းပေါက်အထိ ပူဆာခဲ့ပါတယ် ။ ဒါကြောင့် Faizal ကလည်း ငါးစာအနေနဲ့ ဖားအရှင်တစ်ကောင်ကို ဝယ်ယူပြီးနောက် သားဖြစ်သူကို ကစားစရာငါးမျှားတံနဲ့သာ ရေမြောင်းလေးအနားမှာသာ ငါးမျှားခိုင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း 10 မိနစ်အကြာမှာတော့ သားဖြစ်သူရဲ့ ငါးမျှားတံဟာ လှုပ်ယမ်းလာခဲ့ပြီးနောက် ငါးကြီးတစ်ကောင်း ဖမ်းမိနိုင်ခဲ့ပါတယ် ။
ဒါကို ဖခင်ဖြစ်သူက အတော်လေး အံ့အားသင့်ခဲ့ရပြီး သားဖြစ်သူရဲ့ ကံကောင်းပုံကို Facebook စာမျက်နှာပေါ်ဝေမျှခဲ့လို့ လူအများစုကလည်း ငါးမျှာတံအစစ်အသုံးပြုတဲ့ လူတွေတောင်း ငါးမဖမ်းမိလို့ အရှက်ရမိကြောင်း comments မှာ မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။
Zawgyi
Leave a Reply