ကင်ဆာရောဂါခံစားနေရသော ဇနီးသည်လေးကို ၁၅နှစ်တိတိဂရုစိုက်လာခဲ့ပြီး သေဆုံးသွားသောအခါ စိတ်ထိခိုက်ကာ ညတိုင်းဇနီးသည်၏အဝတ်လေးတွေကို ဖက်အိပ်ပြီး လွမ်းဆွတ်နေသည့်အမျိုးသား

ကင်ဆာရောဂါခံစားနေရသော ဇနီးသည်လေးကို ၁၅နှစ်တိတိဂရုစိုက်လာခဲ့ပြီး သေဆုံးသွားသောအခါ စိတ်ထိခိုက်ကာ ညတိုင်းဇနီးသည်၏အဝတ်လေးတွေကို ဖက်အိပ်ပြီး လွမ်းဆွတ်နေသည့်အမျိုးသား

ရစ်ပတ်နှောင်ဖွဲ့တတ်သော ကြိုးများထဲတွင် ဖြတ်တောက်ရန် အခက်ခဲဆုံးသောအရာမှာ သံယောဇဥ်ကြိုးလေးပင်ဖြစ်ပါတယ်။ရင်ထဲမှထွက်ပေါ်လာသော အချစ်များနှင့်အတူ ရစ်ပတ်နေသည့် သံယောဇဥ်ကြိုးလေးတွေဟာ ကမ္ဘာပေါ်တွင် အခိုင်မြဲဆုံးဖြစ်ပါတယ်။

ယခုတွင်လည်း အမျိုးသားဟာ ဇနီးသည်လေးနှင့်အတူ လက်ထပ်ခဲ့သည်မှာ ၂၈နှစ်အထိရှိခဲ့ပြီး ၁၅နှစ်ကို ဇနီးသည်အား ပြုစုစောင့်ရှောက်ပေးနေခဲ့ရပါတယ်။ကင်ဆာရောဂါ ခံစားနေရသော ဇနီးလေးကို အားမလျော့ဘဲ ကြိုးစားပြုစုခဲ့သော်လည်း နောက်ဆုံးတွင် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ထိုအခါ အမျိုးသားဟာ ဇနီးသည်လေးသေဆုံးသွားတာကို အလွန်ဝမ်းနည်းပူဆွေးနေရပြီး ညစဥ်ညတိုင်းကို ဇနီးသည်၏အဝတ်စားလေးတွေကို ဖက်အိပ်ပြီး လွမ်းဆွတ်သတိရနေတာဖြစ်ပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*