
ကင်ဆာရောဂါကြောင့် နောက်ဆုံးအချိန်ကိုရောက်နေမှန်း သိလိုက်ရ၍ ရုပ်ဆိုးစွာဖြင့် သေဆုံးမည်ကို စိုးရိမ်သောကြောင့် မိတ်ကပ်ဆရာများငှားရန်းပြီး လှပစွာသေဆုံးရန် စီစဥ်ခဲ့သည့် မော်ဒယ်မလေး
ကောင်မလေးဟာ အသက်၂၀အရွယ်သာရှိသေးပြီး ပြင်းထန်လွန်းလှသော ကင်ဆာရောဂါကြောင့် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးခဲ့ရသူလည်းဖြစ်ပါတယ်။သူမဟာ Racine Preguntaဟုအမည်ရပြီး ဖက်ရှင်မော်ဒယ်တစ်ဦးအနေဖြင့် အောင်မြင်နေခဲ့သူဖြစ်ပါတယ်။
ကင်ဆာရောဂါကို ခွဲစိတ်ကုသရန်ကြိုးပမ်းခဲ့သေးသော်လည်း မအောင်မြင်နိုင်ဘဲ အချိန်သိပ်မကျန်တော့သည်ကို ဆရာဝန်ထံမှ သူမကြားသိလိုက်ရပါတယ်။သေဆုံးသည့်အချိန်တွင် သူမဟာ ချောမောလှပစွာဖြင့် သေဆုံးလိုခဲ့သည်။ထို့ကြောင့် သူမအတွက် အသုဘအခမ်းအနားကို ကိုယ်တိုင်စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီး နာမည်ကြီးမိတ်ကပ်ဆရာများကို ငှားရမ်းထားခဲ့တာဖြစ်ပါတယ်။
သူမသေဆုံးသွားသည့်အချိန်တွင်လည်း မိဘများဟာသမီး၏ အစီအစဥ်အတိုင်း ဖြစ်စေဖြစ်ချင်သည့်အရာများကို ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
Leave a Reply