
ကင်ဆာရောဂါကြောင့် လောကကြီးထဲတွင် တစ်နှစ်သာနေရတော့မည်ဆိုသည့် ဆရာဝန်၏စကားကြောင့် ပိုင်ဆိုင်မှုတွေအားလုံးရောင်းချပြီး အပန်းဖြေခရီးထွက်ခြင်းဖြင့် အချိန်ကုန်ရန် ဆုံးဖြတ်ခဲ့သူ
ကင်ဆာရောဂါကြောင့် လောကကြီးထဲတွင် တစ်နှစ်သာနေရတော့မည်ဆိုသည့် ဆရာဝန်၏စကားကြောင့် ပိုင်ဆိုင်မှုတွေအားလုံးရောင်းချပြီး အပန်းဖြေခရီးထွက်ခြင်းဖြင့် အချိန်ကုန်ရန် ဆုံးဖြတ်ခဲ့သူ
လူတိုင်းဟာ ရရှိလာသည့် လူ့ဘဝခဏလေးတွင် ပျော်ရွင်စွာဖြင့် ဘဝကို ဖြတ်သန်းနိုင်ရန် အလိုရှိကြပေသည်။သို့သော်လည်း လူအများစုဟာ ဘဝ၏စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေကြရပြီး အချိန်ခဏလေးအနားယူရန်အတွက်ပင် မေ့နေတတ်ကြပါတယ်။
ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ Miranda Simard ဆိုသည့်အမျိုးသမီးသည် လူတစ်ထောင်လျှင် တစ်ယောက်ဖြစ်ရန်ခက်ခဲလှသော နှလုံးရောဂါဖြစ်ပွားစေသည့် ကင်ဆာရောဂါကြောင့် လောကတွင် တစ်နှစ်သာနေရမည်ဟု ဆရာဝန်၏စကားကို ကြားသိလိုက်ရပါတယ်။
ထိုအခါအမျိုးသမီးဟာ စိတ်ပျက်ဝမ်းနည်းသွားခြင်းမျိုးမရှိဘဲ ကျန်ရှိနေသောဘဝကို ပျော်ရွင်စွာဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ထို့ကြောင့် အမျိုးသမီးဟာ သူမပိုင်ဆိုင်သည့် စည်းစိမ်ဥစ္စာတွေကို ရောင်းချပြီး အပန်းဖြေခရီးထွက်ကာ ပိုက်ဆံတွေအကုန်လုံးကို သုံးဖြုန်းပြီးပျော်ရွင်စွာနေထိုင်နေခဲ့တာဖြစ်ပါတယ်။
Leave a Reply